5. လွဲချော်နေဆဲ နဖူးစာ (လွဲချော်နေဆဲ နဖူးစာ)

1K 93 2
                                    

Zawgyi

"ကိုငယ်... ကိုငယ်... တံခါးဖွင့်ဦး... နေ့လည်စာ သွားစားရအောင်.... ကိုငယ်! ကိုငယ်!!"
.
.
.
ဒီအချိန်လောက်ဆို ဟိုတယ်မှာ ကျွန်တော်မရှိတော့မှန်း အကို Zhou Cheng နဲ့ Fan Xing တို့ သိလောက်ရောပေါ့။ ပရိတ်သတ်တွေရဲ့ အားပေးသံနဲ့ မိသားစုတွေရဲ့ ဂရုစိုက်မှုတွေသာမရှိရင် ကျွန်တော်ဒီလမ်းကို ဆက်လျှောက်နိုင်ပါဦးမလား။ တကယ်ဆို အကို Zhou Chengရဲ့ ဦးဆောင်မှုသာမရှိရင်... အကို Zhou Chengက ပါးတို့မောင်နှမသုံးယောက်ထဲမှာ ညီအငယ်ဆုံး.. အဘိုးနဲ့အဘွားရဲ့ အသက်ကြီးမှရတဲ့ သားအငယ်ဆုံးဆိုတော့ ကျွန်တော်နဲ့ အသက်၅နှစ်ပဲကွာတာ ကျွန်တော်ငယ်ငယ်တည်းက ပါးနဲ့မားတို့ accidentတစ်ခုနဲ့ ဆုံးပါးခဲ့ရတော့ အဘိုးနဲ့အဘွားကပဲ ကျွန်တော့ကို ပြုစုခဲ့ကြတာ... အခုတော့ အဘိုးနဲ့အဘွားလည်းဆုံးပြီး အကို Zhou Chengကပဲ ကျွန်တော့ကိုဆက်ထိန်းပေးနေရတာ.. ငယ်ငယ်တည်းက အတူတူကြီးပျင်းခဲ့ရတာမို့ ဦးလေးတယောက်အနေထက်စာရင် အကိုလိုပဲ ခင်တွယ်ခဲ့ရတာမို့ Fan Xingလို လေးလေးလို့တောင် မခေါ်တတ်တော့ဘူး...

အဲ့လို ဦးလေးတယောက်လို အကိုတယောက်လို ဂရုစိုက်ပေးတယ်ဆိုပေမယ့် တခါတလေတော့ အဘိုးကြီးပေါက်စလို တဗျစ်တောက်တောက်ပြောတာတွေ မခံနိုင်တော့ဘူး... တယောက်တည်း လွတ်လွတ်လပ်လပ်နေချင်တဲ့စိတ်ကို ဒီတစ်ခါတော့ အကောင်ထည်ဖော်မှဖြစ်မှာမို့ ဘယ်သူ့မှမပြောဘဲ တိတ်တိတ်လေး လစ်ထွက်လာရတာ... အားတော့နာပါတယ် ဦးလေးနဲ့ ညီလေးရေ... ညပြန်ရောက်မှပဲ နားထဲဂွမ်းဆို့ပြီး အဆူခံလိုက်ပါတော့မယ်...

ခုတော့ ချစ်ရတဲ့ စကိတ်လေးနဲ့ မြို့လေးပတ်လိုက်ဦးမယ်

.
.
.

"Xiao Zhan.. ငါဟိုဘက်မှာ မျိုးစေ့တွေဝယ်ရင်း စုံစမ်းကြည့်တာ Wang Yiboက Seasons Hotelမှာ တည်းနေတာ... နောက်၃ရက်နေရင် နှစ်သစ်ကူးပွဲတော်အတွက် မိတ်ဆုံစားပွဲမှာ ဖျော်ဖြေရေးလုပ်ပေးရမှာတဲ့ကွ... ငါတို့ ပစ္စည်းတွေဝယ်ပြီးရင် မင်းသားတည်းတဲ့ ဟိုတယ်ကို သွားရအောင်ကွာ"

"Yu Bin.. ငါတို့ အထုပ်ပိုးတွေနဲ့ ဟိုတယ်မှာ ဂယောက်ယက်တွေဖြစ်နေမှာပေါ့ကွ"

ဇာတိမြေမှ ချစ်ဖူးစာ (ဇာတိမြေမှ ချစ်ဖူးစာ)Donde viven las historias. Descúbrelo ahora