7. အခ်စ္က ခ်စ္ရန္အတြက္သာ (အချစ်က ချစ်ရန်အတွက်သာ)

980 92 0
                                    

Zawgyi

"Ah Zhan... ပြန်လာပြီလား... ငါတို့ ဒီမှာ၃ရက်နေဖို့ကို Yi Xuan Geက အဆင်ပြေတယ်တဲ့... ပွဲနေ့မှာ Wang Yiboက ဖျော်ဖြေရေးလုပ်ပြီးရင် မြို့ခံတွေနဲ့ မိတ်ဆုံစားပွဲလည်း တက်ရဦးမယ်တဲ့ကွ... အဲ့အချိန် ငါတို့တွေ မင်းသားနဲ့ဆုံလို့ရအောင်လည်း Geက စီစဉ်ပေးမယ်ပြောတယ်"

"အာ... ကျေးဇူးတင်ပါတယ် Yi Xuan Geရာ.. ကျွန်တော်တို့ချည်းပဲဆို ဒီအချိန်လောက်တပ်ဆုပ်ပြီး ရွာပြန်ရောက်လောက်ပြီ... Geက ကျွန်တော်တို့ကို အများကြီးကူညီပေးတာ အားနာစရာကောင်းလှပါပြီဗျာ"

"Xiao Zhanရာ... တရွာတည်းသားချင်းတွေမို့ ကူညီပေးတာပါကွာ... တကယ်က Geအမျိုးသမီးကလည်း Wang Yiboရဲ့ fanဖြစ်နေတော့ ဆောင်းရာသီပွဲတော်မှာ သူလည်းနွှဲချင်တယ်ဆိုလို့ အခုလိုအစစပိုကူညီပေးရတာပေါ့ကွာ.... ဟား  ဟား ဟား"

'ဪ... Wang Yibo.. အမျိုးသမီးတိုင်းက အသည်းစွဲနေကြတာ.. ငါ့ရဲ့ Bai Baiလောက်မှ ချစ်စရာကောင်းလို့လားကွာ... ဟား.. Xiao Baiရာ ငါလည်း မင်းနဲ့မှပဲ စိတ်ကူးတွေယဉ်တတ်နေပါရောလား'

"Yu Bin... Ah Zhanတယောက် စိတ်မှမှန်သေးရဲ့လား..  Yi Xuan Ge ပြောတာနားထောင်ပြီး ပြုံးစိစိနဲ့ ဘာတွေကြည်နူးနေတာလဲမသိဘူး... ဒီကောင် ညကြီးမိုးချုပ် အပြင်ကပြန်လာပြီး အပများမှီလာသလားကွာ"

"အေး... ဒီကောင့်အခြေနေက ဆေးကြိုတိုက်ဖို့များ လိုမလားပဲ
ဟေ့ရောင်.. Xiao Zhan ... Xiao Zhan... XIAO ZHANရေ!!! ငါ့လည်းလှည့်ကြည့်ပါဦးကွာ.. ဘေးချင်းကပ်ရပ်ကို အော်ခေါ်ရလို့ လည်ချောင်းတွေကွဲတော့မယ်"

"ဟာ... ဘာလည်းကွာ... မင်းတို့မအိပ်ကြသေးဘူးလား.. စောစောအိပ်တော့.. ငါလည်းအိပ်တော့မယ်... မနက်ကျရင် သွားစရာရှိသေးလို့ မင်းတို့လည်း မင်းတို့ဘာသာ သွားချင်ရာကိုသွားကြတော့.. ဒါဘဲ"

"ငှယ်... ငါတို့တောင် ဘာမှမပြောလိုက်ရဘူး.. ဒီကောင်က အိပ်ယာထဲရောက်သွားပြီ... Ah Zhan.. Ah Zhan... မင်းရဲ့ခြေလှမ်းတွေမူမမှန်မှတော့ ငါတို့က သူငယ်ချင်းကောင်းပီသစွာ ပြန်ပြုပြင်ပေးရမှာပေါ့"

"Hai Kuan... မင်းက ဘယ်လိုပြန်ပြုပြင်မှာလဲ.. Xiao Zhanဘာတွေဖြစ်နေမှန်းတောင် သိလို့လား"

ဇာတိမြေမှ ချစ်ဖူးစာ (ဇာတိမြေမှ ချစ်ဖူးစာ)Où les histoires vivent. Découvrez maintenant