9. အမှန်တရားက ခါးသက်လေမလား (အမှန်တရားက ခါးသက်လေမလား)

903 77 0
                                    

Zawgyi

"Xiao Zhan... မင်း ဒီနေ့တနေကုန် ဘယ်တွေလျှောက်သွားနေတာလဲ... မိုးတောင်မလင်းသေးဘူး မြို့ထဲရောက်သွားတယ်ဆို"

"တကယ်က မြို့ထဲသွားတာမဟုတ်ဘူးကွ.. Jinyunတောင်ကို သွားတာ... ငါ့ရဲ့ချစ်သူနဲ့"

"ဟမ်... Zhan Zhan.. မင်း တကယ်ကြီးပြောနေတာလား.. ကောင်မလေးက ဘယ်သူလဲ ဘယ်ကလဲ ဘာအလုပ်လုပ်လဲ... ချောရောချောရဲ့လား... ပြောပြစမ်းပါကွာ ငါတို့သိချင်လို့ကွ"

"Hai Kuanရာ.. ပြောပါ့မယ်.. ဖြေးဖြေးပေါ့ကွာ...
ဒါပေမယ့် ငါပြောပြပြီးရင် မင်းတို့ငါ့ကို အခုလိုဆက်ခင်နိုင်ပါ့မလားတောင် မသိဘူးကွာ"

"ဘာလို့လဲ Xiao Zhanရ... မင်း ချစ်သူရတာနဲ့ ငါတို့က မင်းကို မခင်စရာလား.. မင်းသာ အချစ်နဲ့ပျော်နေလို့ ငါတို့ကိုပလစ်သွားမှာကိုများ"

"အေးလေကွာ... ငါတို့ကပဲ အပစ်ခံထိမှာကို ဒါပေမယ့်လည်း သိချင်တာမို့ မြန်မြန်ပြောစမ်းပါကွာ"

"ငါ့ချစ်သူဆိုတာ ... တကယ်တော့ မိန်းကလေးမဟုတ်ဘူး"

"ဟမ်... မင်းချစ်သူက မိန်းကလေးမဟုတ်ဘူးဆိုတော့.."

"အင်း... ယောက်ျားလေ... ငါ ငါ့ထက်ငယ်တဲ့ ယောက်ျားလေးတယောက်ကို ချစ်မိသွားတာ... မင်းတို့ငါ့အပေါ် ဘယ်လိုပဲမြင်မြင် ငါ သူ့ကိုပဲချစ်မိနေတာ... အဲ့တာက ဘယ်လိုမှ ပြောင်းလဲလို့မရတဲ့ အမှန်တရားတခုပဲ"

"Ah Zhan.. ငါမေးမယ်.. မင်းချစ်နေတဲ့ ကောင်လေးကရော မင်းကို ပြန်ချစ်နိုင်တယ်တဲ့လား"

"အင်း... သူကလည်း စတွေ့တည်းက ငါ့ကိုချစ်တာတဲ့... အဲ့ဒါကြောင့်..."

"အဲ့တာဆိုလည်း ဘာလိုသေးလို့လဲ Xiao Zhanရာ.. ငါတို့စိတ်ပူတာက ဟိုဘက်ကလည်း ယောက်ျားလေးဖြစ်နေတာမို့ မင်းကို လက်မခံမှာကိုပဲ စိုးရိမ်တာ... အခု သူကလည်း မင်းကိုချစ်တယ်...ဒါဆို ရပြီပဲလေကွာ.. ပတ်ဝန်းကျင်ဆိုတာက ချီးကျူး၇ရက် ကဲ့ရဲ့၇ရက်ပါ... တကယ်တမ်းသက်ဆိုင်တာက မင်းတို့နှစ်ယောက်ရဲ့ ဘဝပဲလေကွာ"

"ဟုတ်တယ် Ah Zhan.. ငါတို့က မင်းရဲ့သူငယ်ချင်း... အဲ့တာက မင်းဘယ်သူကိုကြိုက်တယ်ဆိုတာနဲ့မဆိုင်ဘူး ငါတို့က အမြဲတမ်းသူငယ်ချင်းတွေပဲ"

ဇာတိမြေမှ ချစ်ဖူးစာ (ဇာတိမြေမှ ချစ်ဖူးစာ)Место, где живут истории. Откройте их для себя