4. နဖူးစာ ရွာလည်တော့မည်လား (နဖူးစာ ရွာလည်တော့မည်လား)

1.1K 98 1
                                    

Zawgyi

"မနေ့ညက မင်းတို့ပြောတဲ့အတိုင်းဆို Wang Yiboဆိုတာ အခု နာမည်ကြီးနေတဲ့မင်းသားပေါ့... အဲ့တာဆို ငါတို့ရဲ့ ဒီရွာသေးသေးလေးဆီ ဘယ်လိုလုပ်ဖိတ်နိုင်မလဲကွ.. ငါတို့သွားဖိတ်တော့ရော မင်းတို့ရဲ့မင်းသားက ဒီရွာကို လိုက်လာမယ်တဲ့လားကွာ"

"မင်းကလည်း ငါတို့လို ဘွဲ့ရ ရုပ်ချော စိုက်ပျိုးရေးသမားတွေရှိတဲ့ရွာကို အဲ့လောက်ကြီးတော့ မနှိမ်စမ်းပါနဲ့... ပြီးတော့ မင်းသားက အဲ့လောက်လည်း သဘောမဆိုးလောက်ပါဘူး... သူဖြေတဲ့အင်တာဗျူးတွေကြည့်ရတာတော့ နည်းနည်းပါးပါးချေတာလေးပဲ ရှိတာပါကွာ... ဒါကလည်း မင်းသားဆိုတော့ အဲ့လောက်တော့ ရှိမှာပေါ့"

"ထားပါ... ဒါပေမယ့် အဲ့ဒီမင်းသားကို သွားဖိတ်ရမှာ ဘယ်လိုကနေဘယ်လို ငါ့တာဝန်ဖြစ်သွားရတာလဲ.. ငါက မင်းတို့ မင်းသားကိုမြင်တောင်မမြင်ဖူးဘူး... ပြီးတော့ အဲ့လိုရှုပ်ရှုပ်ယှက်ယှက်တွေ ငါစိတ်မဝင်စားပါဘူးကွာ... အခုလောလောဆယ်တော့ စိုက်ခင်းထဲကနေ ဘယ်ကိုမှငါမသွားချင်သေးဘူး"

"Xiao Zhanရာ... မင်းက ငါတို့ထဲမှာဆို စကားပြောလည်းကောင်းတယ် လူမှုဆက်ဆံရေးလည်းကောင်းတယ်လေကွာ... အဲ့တာကြောင့် မင်းသားနဲ့စကားပြောတဲ့အချိန်ကျ မင်းက ပိုအဆင်ပြေအောင်ပြောနိုင်မှာလေ"

"ဟုတ်တယ် Ah Zhanရ... မင်းဆိုရင်တော့ အဆင်ပြေမယ်ဆိုတာ ငါတို့ကသိနေတာမို့ပါ... ကျွတ်စ်ကွာ... ဒီရက်ပိုင်းကျမှာ ရွာမှာအင်တာနက်လိုင်းတွေကမကောင်းလွန်းလို့ ပြန်ပြင်နေရတာ... မဟုတ်ရင် မင်းကို Wang Yiboရဲ့ ရုပ်ရှင်တွေ အင်တာဗျူးတွေပြပါတယ်ကွာ... နေဦး ငါနောက်ရက်မှ ရွာထဲမှာ သူ့ဇာတ်လမ်းတွေ downloadဆွဲထားတဲ့သူဆီက ကူးပြီးပြပေးမယ်... မင်းကြည့်ပြီးရင် ကြွေသွားမှကွ"

"နေ .. နေ .. နေပါကွာ... ငါ့ဘာသာမြို့ရောက်မှပဲ ရှာကြည့်လိုက်တော့မယ်.. ကြွေရအောင် ငါကအထီးစစ်စစ်ပါကွာ... နေစမ်းပါဦး မင်းတို့နှစ်ကောင် အဲ့မင်းသားကြောင့် ကွေးသွားတာများလား"

"မင်းဂျီးဒေါ်ကြီး ကွေးစရာလားဟ... ဒီမှာ တရွာလုံးက အပျိုအအိုတွေက သူ့ရဲ့fanတွေချည်းပဲ... သူကြီးကတော်နဲ့ သူကြီးသမီးဆို ထိပ်ဆုံးကပဲ... အဲ့တာကြောင့်လည်း အခုလာမယ့် ဆောင်းရာသီပွဲတော်မှာ Wang Yiboကိုဖိတ်ချင်ကြတာလေ... သူကြီးကလည်း သူကြီးကတော်အမိန့်ကိုမှ မလွန်ဆန်နိုင်တာကို.. ဟဲ ဟဲ"

ဇာတိမြေမှ ချစ်ဖူးစာ (ဇာတိမြေမှ ချစ်ဖူးစာ)Donde viven las historias. Descúbrelo ahora