<zawgyi>
My Beloved Prince....
ရင်တွင်း၌ဖြစ်တည်နေသော နှလုံးသားတစ်စုံသည် တစ်စုံတစ်ခုသော အရာကိုသာ တောင့်တသည်။
အသုံးချခြင်းမရှိသော ချစ်ခင်မှု...
အထင်သေးခြင်းမရှိသော မျက်ဝန်းတစ်စုံ...
နှိုင်းယှဉ်ခြင်းမဆိုသော နှုတ်ခမ်း...
ဟန်မဆောင်တတ်သော အပြုံး...
နွေးထွေးသော လက်တစ်စုံ...
တောင်းဆိုခြင်းမရှိသော နားလည်မှု...
တန်ဖိုးထားတတ်ပါသော စကားတစ်ခွန်း...
ထုတ်ဖော်မပြသော ဂရုစိုက်မှု...လိုအပ်နေသော ထိုတစ်စုံတစ်ရာအား ပေးခဲ့သူကိုသာ နှလုံးသားသည် အရှင်သခင်အဖြစ်သတ်မှတ်တတ်၏။...။
<><><><><><><><><><><><><><><>
လေတိုးသံတို့သည် နားကွဲမတတ် တဝီးဝီးမြည်နေသည်။
ဆောင်းဦး၏လေအေးတို့သည် အကာအကွယ်မရှိသော နန်းတော်မြိုးရိုး၏အနောက်ဘက်ကြာကန်ဘေးတွင် စိတ်ကြိုက်သောင်းကျန်းနေသည်။သူ့ခန္ဓာကိုယ်လေးသည်လည်း ကန်၏အစွန်းတွင် ခိုက်ခိုက်တုန်ကာယိမ်းယိုင်လျှက်ရှိသည်။
လေရိုင်းတို့သည် သိုးမွှေးဝတ်ရုံအား တိုးဝင်ရိုက်ခတ်နေသည်။
နီရဲရဲပါးပြင်ပေါ်မှ မျက်ရည်စတို့သည် လေနှင့်အတူခြောက်ကပ်ကုန်သည်။ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ခဲနေသောကန်ရေပြင်သည် ပိုးကတီပါဖိနပ်အောက်တွင် အက်ကွဲကြောင်းတို့ပေါ်လာသည်။
တဖျစ်ဖျစ်မြည်သံနှင့်အတူ သူ့ခြေလှမ်းလေးတွေက ရေခဲပြင်ပေါ်မှာ တစ်လှမ်းချင်းဖြင့်...
မကြာပါ။
ရေခဲလွာသည် ကွဲထွက်၍ ကလေးငယ်သည် ကန်အောက်ခြေသို့ကျွံကျသွားသည်။
ကြာပန်းတို့မပွင့်တော့သော ဤကန်သည် ကလေးတစ်ယောက်အတွက်နက်လွန်းသည်။အနက်ရောင်ရေတို့၏အေးစက်မှုသည် သူ့အသားနုနုလေးအား အက်ပေါင်းများစွာစိုက်ဝင်သည့်အလား...။
အရိုးအကြောတို့ ကြေမွနေသည့်အလား...။အသက်ရှူ၍မရတော့သလို လှုပ်ရှားဖို့ရာ ခက်ခဲလာသည်။
အချိန်ခဏအတွင်းတွင် အကုန်ပြီးဆုံးတော့မည်ကို သူခံစားမိသည်။
ထို့ကြောင့် ရုန်းကန်ခြင်းမပြုဘဲ သူအိပ်ပျော်ရန် ကြိုးစားလိုက်သည်။
YOU ARE READING
My Beloved Prince...
Historical Fictionကျွန်ုပ်၏ မြတ်နိုးရပါသော အရှင်... [Not a Translation] ကျွန်ုပ်၏ မြတ်နိုးရပါသော အရှင်... [Not a Translation]