Unicode;
"အသိစိတ်ဝင်စမ်းပါ Park Jimin ရယ် Jungkook က မင်းကို ဒီလောက် ပြည့်စုံအောင် ထားထားတာကို ကွာရှင်းမယ် ဟုတ်လား မင်း ရူးနေတာ မဟုတ်ဘူးလား"
Jimin ကို အိမ်ထဲ ဝင်ထိုင်ခိုင်းပြီး ရေခဲရေ တစ်ခွက်ချပေးကာ Taehyung ဆူလိုက်မိသည်။ Jimin ကတော့ တရှုံရှုံလုပ်ကာ မျက်ရည်တွေ သုပ်နေရင်း
"အဲ့ ကွာရှင်းမယ်ဆိုတာ ငါက ပြောတာ မဟုတ်ဘူး ငါက သူနဲ့ လက်ထပ်မိတာ နောင်တရတယ်လို့ပဲ ပြောတာကို သူက အဲ့ဒါဆို ကွာရှင်းလိုက်လေတဲ့ အဲ့ဒါနဲ့ ငါလည်း ကွာရှင်းမယ် ပြောလိုက်တာ သူက စိတ်ဆိုးပြီး အပြင်ထွက်သွားတာ ငါလည်း သူအပြင်သွားတုန်း ကွာရှင်းစာချုပ်သွားဝယ်ပြီး လတ်မှတ်ထိုးခဲ့ပြီ ငါ့ အပြစ်မဟုတ်ဘူး"
"ဘာကို မင်းအပြစ် မဟုတ်တာလဲ မင်းက ဘာလို့ သူနဲ့ လက်ထပ်တာ နောင်တရတယ် ပြောလဲ သူ့နေရာမှာ ငါဆိုလည်း ဒေါသထွက်ပြီး ကွာရှင်းဖို့ ပြောမိမှာပဲလေ"
"Ya ငါက မင်းနဲ့ ငယ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းပါ ဘာလို့ Jungkook ဘက်က ပါနေတာလဲ"Jimin စကားကို Taehyung က ခေါင်းခါရင်း
"ဒီမှာ Jimin na သေချာ နားထောင်.. ဆိုးတယ်ဆိုတာ နွဲ့ဆိုးပဲ ကောင်းတယ်ကွ"
"ငါက ဘယ်မှာ Jungkook ကို ဆိုးနေလို့လဲ"
"Ya မင်းကို Jungkook ကသာ မင်းနဲ့ လက်ထပ်ခဲ့တာ နောင်တရတယ် ပြောရင်ရော"
"တခါထဲ အဲ့နေရာမှာ သတ်ပလိုက်မှာပေါ့"
"ဟုတ်တယ်လေ အခု မင်း အဲ့လိုပြောလိုက်တော့ Jungkook ဘယ်လို ခံစားရမလဲ မင်း မသိဘူးလား"Taehyung အမေးကို Jimin ဘာမှ မဖြေပဲ ငြိမ်နေလိုက်မိသည်။ Taehyung က Jimin အတွက် ချပေးထားတဲ့ ရေခဲရေကို သူ့ဘာသူ မော့သောက်လိုက်ပြီး
"ဒီနေ့တော့ ညနက်နေပြီဆိုတော့ ဒီမှာပဲ အိပ်လိုက် မနက်ကျ ငါ ပြန်လိုက်ပို့ပေးမယ် Jungkook ကို တောင်းပန်လိုက်"
"တော်ပြီ မပြန်ချင်ဘူး ပြီးတော့ Jungkook ဒီညတောင် ထွက်သွားတာ ခုထိ ပြန်မလာသေးဘူး ငါလည်း မပြန်နိုင်ဘူး"ခေါင်းမာနေတဲ့ Jimin ကြောင့် Taehyung သက်ပြင်းချကာ ခေါင်းခါရင်း
"အေး အေး မင်း စိတ်ကြိုက်သာ လုပ်တော့"
ပြောပြီး Taehyung က သူ့အိပ်ခန်းထဲ ဝင်သွားတာကြောင့် Jimin လည်း သူ့အထုပ်သူသယ်ကာ Taehyung အခန်းထဲ လိုက်ဝင်လာသည်။ Taehyung က Jimin ကို လျစ်လျူရူသလို ကျောပေးပြီး လှဲလိုက်သည်။ Jimin လည်း Taehyung နားဝင်လှဲကာ Taehyung ကို ဖက်ရင်း
YOU ARE READING
Happy Ending
Fanfiction(Unicode +Zawgyi) We can't change the past but we can start a new chapter with Happy Ending 🧡 Unicode; တကယ့်ကို ပျော်ရွှင်ကြည်နူးရတဲ့ Happy Endings လေးပါပဲ။ တကယ်လို့သာ နတ်သမီးပုံပြင် တစ်ပုဒ် ဒါမှမဟုတ် Drama တစ်ပုဒ် ဖြစ်ခဲ့မယ်ဆိုရင် ဒီလိုအချိန်မှာ T...