Unicode;
"ငါ မင်းနဲ့ အိမ်ပြန်လိုက်ခဲ့လို့ရလား"
Jimin စကားကြောင့် Jungkook အစကတော့ ကြောင်သွားသည်။ ခဏနေတော့ ပြုံးမိသွားသည်။ ဒီ Hyung ကလေ စကားတခွန်းထဲနဲ့ စိတ်ဆိုးပြေအောင် လုပ်တတ်လွန်းတယ်...။ Jimin ကို ကြည့်လိုက်တော့ ရှက်နေသလို ခေါင်းပဲ ငုံနေတာကြောင့် စိတ်ထဲ ပျော်မိတာတော့ အမှန်။ Jungkook လည်း နိုင်ဖို့ အခွင့်သာတုန်း စချင်တာကြောင့်
"ဘာလိုက်လုပ် မလို့လဲ ကျွန်တော့် အိမ်ကို.. မနေ့ကပဲ တသက်လုံး ကျွန်တော့်အိမ်ကို ပြန်မလာဘူးဆို"
ပြုံးစိစိနဲ့ ပြောနေတဲ့ Jungkook ကို မကျေမနပ် ဖြစ်မိသည်။ Jimin က ဂျိုပေးရင်း
"Jin Hyung က မနက်ဖြန် လာမယ်တဲ့ ငါတို့အိမ်ကို"
Jimin ရဲ့ 'ငါတို့အိမ်' ဆိုတဲ့ စကားနဲ့တင် မနေ့ညကနေ ခုနကအထိ Jungkook စိတ်ဆိုးနေခဲ့တာတွေက လေနဲ့ တစ်ချက်မှုတ်လိုက်တဲ့ ဖုန်မှုန့်လေးတွေလို့ အစအနရှာမရအောင် ပျောက်သွားတော့သည်။ အချစ်တဲ့... တော်တော် စွမ်းပါ့ပေတယ်။
"ကောင်းပါပြီ ဒီည ပြန်လိုက်မှာလား Hyung"
မျက်လုံး အရောင်တလက်လက်နဲ့ မေးနေတဲ့ Jungkook ကို ကြည့်ရင်း Jimin ရယ်ချင်မိသည်။ တကယ့်ကို မလွယ်ကြောလေး...။ ရယ်ချင်စိတ်ကို ထိန်းထားရင်း
"မင်းက အလုပ်ပြီးပြီလား"
"ခဏလေး လက်စသတ်လိုက်မယ် ထိုင်စောင့်မလား"
"ဟင့်အင်း Taehyung အိမ်သွားပြီး ငါ့ပစ္စည်းတွေ သွားသယ်ဦးမယ် မင်း အလုပ်ပြီးရင် ငါ့ကို Taehyung အိမ်လာခေါ်"
"စိတ်ချပါဗျ"
"အင်းပါ အာ့ဆို သွားပြီ"Jimin ရုံးခန်းထဲက ထွက်သွားပေမယ့် Jungkook ကတော့ ပြုံးလို့ မပြီးသေး။ Jin Hyung ကြောင့် အိမ်ပြန်လာတယ် ဆိုပေမယ့် အနည်းဆုံး သူ့ဘာသူ ပြန်လာတာမို့ ကျေနပ်မိသေး။ မဖြစ်သေးဘူး.. ကျေးဇူးရှင်ကြီးဆီ ဖုန်းဆက်ရမယ်..။ Jungkook ဖုန်းလေး ထုတ်ပြီး Jin ဆီ ဖုန်းခေါ်လိုက်သည်။
"ဟဲလို ယောက်ဖလေး"
"Aigoo.. Wuri Hyung nim မနက်ဖြန် လာမလို့ဆို.. အဲ့ဒါကို ဘာလို့ ကျွန်တော့်ဆီ ဖုန်းမဆက်တာလဲ"
"ငါ့ယောက်ဖက လုပ်ငန်းရှင်ကြီးလေ မအားတာမို့ အငယ်ကောင်ဆီပဲ ဆက်လိုက်တာ ဒါနဲ့ အသံက မြူးနေသလိုပဲ ပျော်စရာရှိလို့လား"
"ရှိတာပေါ့ Hyung လာလည်တာက ပျော်စရာကြီးကို"
"Aigoo.. ယောက်ဖလေးကတော့ ဟုတ်ပါပြီ Hyung မင်းအတွက် ဂျယ်ဂျူဒိုကနေ လိမ္မော်သီးတွေ အများကြီး ဝယ်လာတယ်.. မနက်ဖြန် တွေ့ကြမယ်"
"ဟုတ်ကဲ့ပါ Hyung ဒါပဲနော်"
YOU ARE READING
Happy Ending
Fanfiction(Unicode +Zawgyi) We can't change the past but we can start a new chapter with Happy Ending 🧡 Unicode; တကယ့်ကို ပျော်ရွှင်ကြည်နူးရတဲ့ Happy Endings လေးပါပဲ။ တကယ်လို့သာ နတ်သမီးပုံပြင် တစ်ပုဒ် ဒါမှမဟုတ် Drama တစ်ပုဒ် ဖြစ်ခဲ့မယ်ဆိုရင် ဒီလိုအချိန်မှာ T...