Ep-11

5.9K 794 27
                                    

Unicode;

"ကဲ ညက ကိစ္စ အရင် ပြောပါဦး ဘယ်လိုတွေဖြစ်ကြတာလဲ"

Jungkook ရုံးရောက်တာနဲ့ ရုံးခန်းထဲ ရောက်လာပြီး မေးတဲ့ Hoseok ရဲ့ မေးခွန်းကို Jungkook ဘာမှ မဖြေပဲ ခေါင်းခါပြလိုက်သည်။ Hoseok က ဂျိုပေးရင်း

"ဘာဖြစ်တာလဲ အဆင်ပြေတာလား မပြေတာလား"
"ကျွန်တော်လည်း မသိတော့ဘူး ဟူး....."

Jungkook သက်ပြင်းချလိုက်မိသည်။ Hoseok က စိတ်မရှည်တဲ့ ပုံစံဖြင့်

"ဘယ်လိုဖြစ်တာလဲ အရင်ပြောပြမှ Hyung က မင်းကို အကြံပေးလို့ရမှာပေါ့"
"မနေ့ညက Jimin Hyung ကို ချော့မယ်ဆိုပြီး Taehyung Hyung အိမ်ထိ လိုက်သွားတာ.. အစက နည်းနည်း အဆင်ပြေလာပြီ ထင်ရပေမယ့် တဖြေးဖြေး စကားအခြေအတင်လေး ဖြစ်လာပြီး Hyung တို့ရောက်လာတော့ ကျွန်တော့်ကို ပုန်းခိုင်းတယ်တဲ့.. ဘာလို့လဲ မေးတော့ ကျွန်တော့်အိမ်ကို Taehyung Hyung က ပြန်ထည့်မှာ စိုးလို့တဲ့.. ကြည့်ဦးဗျာ.. မသိရင် ကျွန်တော်ကပဲ အိမ်ရောက်ရင် သူ့ကို အနိုင်ကျင့်တာကြလို့ ပြီးတော့ ရှိသေးတယ်.. အဲ့ဒါ ကျွန်တော့်အိမ်တဲ့ Hyung ပဲ စဉ်းစားကြည့်လေ တကယ်ဆို ကျွန်တော်တို့ နှစ်ယောက်အိမ် မဟုတ်ဘူးလား လက်ထပ်ပြီးကာစ ကျွန်တော့်အိမ်မှာ နေတုန်းက သူနေရခက်မှာစိုးလို့ မတော်လို့ စကားများခဲ့ရင်တောင် ကျွန်တော့်အိမ်ဆိုတော့ သူ မျက်နှာငယ်ရမှာစိုးလို့ အလုပ်ကြိုးစားပြီး နှစ်ယောက်ထဲ နေမယ် စိတ်ကူးနဲ့ ဝယ်ခဲ့တာကို ကျွန်တော့်အိမ် သူ့အိမ်မဟုတ်ဘူးတဲ့"
"အော်.. Jungkook ရယ် ဒါကတော့ မင်းဝယ်ထားတာမို့ အဲ့လိုပြောတာနေမှာပါ"
"အဲ့ဒါကို မကြိုက်တာလေ ကျွန်တော်တို့က လက်ထပ်ထားတာလေ သူ့ပစ္စည်း ကိုယ့်ပစ္စည်း လာခွဲစရာလား"

Hoseok က Jungkook ကို ကြည့်ရင်း ခေါင်းခါနေမိသည်။ Jungkook မမှားဘူးဆိုပေမယ့် ၁၀၀% မှန်တယ်လို့လည်း မဆိုလိုချင်ဘူးလေ။ အိမ်ထောင်တခုတည်ဆောက်လိုက်ပြီ ဆိုတာနဲ့ သူ့ယူဆချက် ကိုယ့်ယူဆချက် ညှိုယူပြီး နားလည်ပေးရမှာပေါ့...။ Jungkook က ပေစောင်းစောင်း ကြည့်ရင်း

"ဘာလဲ.. ဘာလို့ ခေါင်းခါတာလဲ ကျွန်တော်ပြောတာ မှားလို့လား"
"မမှားပါပေမယ့် ဒါပေမယ့် မမှန်ဘူး.. အရိုးရှင်းဆုံး စဉ်းစားကြည့်လိုက် မင်း Jimin မရှိပဲ နေနိုင်မှာလား"

Happy EndingWhere stories live. Discover now