Ep-19

6.3K 758 32
                                    

Unicode;

"အေးနေလား"

Taehyung အမေးကို Hoseok ခေါင်းခါပြလိုက်သည်။ အပြင်မှာ မိုးတွေသည်းနေပါလျက် ကားထဲ အကြောင်းမဲ့ ထိုင်နေမိကြသည်။ Taehyung က ခေါင်းကုတ်ရင်း

"Manager Asahi တို့ အိမ်သွားရမယ်မလား ကျွန်တော် ကိုယ့်ဘာကိုယ် ပြန်လိုက်မယ်လေ"
"ဟင့်အင်း Hyung မသွားဘူး"

ကားပေါ်ရောက်ကတည်းက ပထမဆုံး Hoseok ဘက်က ထွက်လာတဲ့ စကားပေမယ့် နွေးထွေးမှုပါနေသလို။ Taehyung လည်း ဖွင့်ပြောမိမှတော့ မထူးတော့ပါဘူး တွေးရင်း Hoseok လက်ကို ဆုပ်ကိုင်ကာ

"Hyung ကျွန်တော့်ကို ချစ်လား"

Hoseok ခေါင်းညိမ့်ပြလိုက်ပြီး

"Taehyung ရော Hyung ကို ချစ်လား"

မိုးသံတွေ ဒီလောက် ဆူညံ့နေတာတောင် ကားထဲက ကောင်လေးနှစ်ယောက်ရဲ့ ရင်ခုန်သံတွေကို မကျော်ဖြတ်နိုင်ခဲ့ပေ။ Taehyung က မေးတာကို မဖြေပဲ Hoseok ပါးလေးကို နူးညံ့စွာ ထိတွေ့လိုက်ပြီး Hoseok နှုတ်ခမ်းတို့ကို သိမ်းယူလိုက်သည်။ နူးညံ့စွာ ထိတွေ့လိုက်တဲ့ နှုတ်ခမ်း တစ်စုံကို တွန်းလှန်ဖို့ Hoseok အင်အားမရှိသလိုပင်။ တနေကုန်ပင်ပန်းနေသမျှ အားပြည့်သွားသလို ခံစားရပေမယ့် တပြိုင်နက်ထဲ ရင်ခုန်နူန်း မြင့်လွန်းလာတာကြောင့် ပင်ပန်းသလို ခံစားရပြန်သည်။ ဘာမှမဆိုင်တဲ့ အင်္ကျီကို အသားလွတ် လုံးချေနေမိသည်။ အချိန်တော်တော်ကြာမှ Taehyung က သာသာလေး ခွါသွားသည်။ ထိုမှ အသက်ဝဝရူနေရတဲ့ Hoseok ကို ကြည့်ရင်း Taehyung ပြုံးမိသည်။

"Hyung က အရမ်း ချစ်ဖို့ကောင်းတယ်"
"Tae ရောပဲ"

Hoseok စကားကြောင့် Taehyung ပြုံးလိုက်မိသည်။ Hoseok လက်ကို ဆုပ်ကိုင်ထားရင်း

"Hyung.. ဒီနေ့ကစပြီး ကျွန်တော့် ချစ်သူ ဖြစ်ပေးမလား"

Hoseok က ပါးချိုင့်သေးသေးလေး ပေါ်အောင်ပြုံးရင်း ခေါင်းငြိမ့်ပြသည်။ Taehyung အသည်းယားတာမို့ Hoseok မျက်နှာနား တဖြည်းဖြည်း တိုးလာသည်။ မျက်လုံးစုံမှိတ်ထားတဲ့ Hoseok ကိုကြည့်ရင်း ပိုအသည်းယားလာမိသည်။ နှုတ်ခမ်းနှစ်ခု ထိကပ်မယ် အလုပ် ရုတ်တရပ် မြည်လာတဲ့ Hoseok ဖုန်းသံကြောင့် Hoseok ဖုန်းကို ထုတ်ကြည့်လိုက်တော့ Asahi ဖြစ်နေသည်။

Happy EndingTempat cerita menjadi hidup. Temukan sekarang