Ep-10

5.9K 807 29
                                    

Unicode;

"ပန်းကန်တွေ ဒယ်အိုးတွေ ကျွန်တော်ဆေးလိုက်ပါ့မယ်"

ထမင်းစားပြီးတာနဲ့ Jungkook လည်း အလိုက်တသိအကုန် ဆေးပေးနေလိုက်သည်။ Jimin လည်း မငြင်းတော့ပဲ Taehyung ရေခဲသေတ္တာထဲက ပန်းသီး တချို့ကို ယူပြီး ထမင်းစား စားပွဲတွင် ထိုင်ခွဲနေလိုက်သည်။ ကိုယ်က ထမင်းတောင် ကြော်ပေးထားတာ ကြက်ဥက အဆစ်ပါသေး ပန်းကန်ဆေးတာလောက်တော့ သူလုပ်သင့်တာပေါ့...။ Jimin က ပန်းသီးခွဲနေရင်း

"ပန်းကန်ဆေးပြီး ဒီ ပန်းသီးစားပြီး ပြန်တော့ သူများအိမ်ကြီးကို"
"ဒါဆို Hyung ကရော ဘာလို့ သူများအိမ်လာနေနေ တာလဲ ကျွန်တော်တို့အိမ် ရှိနေရဲ့သားနဲ့"

Jungkook စကားကို Jimin ဘာမှ မတုံ့ပြန်ပဲ ငြိမ်နေလိုက်သည်။ Jungkook ကပဲ

"ဒါနဲ့ ဘာလို့ အိမ်ပြန်နောက်ကျနေတာလဲ ကျွန်တော် ရုံးဆင်းကတည်းက အိမ်ပြန်ရေချိုးပြီး ရှေ့မှာ စောင့်နေတာ ကြာလှပြီ"
"သိချင်ရင် မင်းရဲ့ ဌာန မန်နေဂျာကြီးကို သွားမေးပေါ့"

Jimin စကားကြောင့် Jungkook ပန်းကန်ဆေးတာရပ်ပြီး Jimin ဘက် လှည့်ကာ

"ဘာလို့လဲ Asahi Noona က ဘာလုပ်လို့လဲ"
"Noona?? Ajumma ကြီးကို"

Jimin စကားကို Jungkook က ရယ်ရင်း

"ဟုတ်ပါပြီ အဲ့ Ajumma ကြီးက ဘာလုပ်လို့လဲ"
"Cash flow တွေ ဆွဲခိုင်းတယ်လေ နောက်နှစ်ထိတဲ့ တနှစ်စာတောင် ဆွဲရတာ"

Jungkook က ပန်းကန်ပြန်လှည့် ဆေးနေရင်း

"Hyung အဆင်မပြေဘူးထင်ရင် ဌာန ပြောင်းပေးရမလား"
"တော်ပါပြီ သူများတွေ ခက်ခက်ခဲခဲ ဝင်နေရတာ ငါက လွယ်လွယ်ရပြီး လွယ်လွယ် ဌာနပြောင်းလို့ ဘယ်ကောင်းမလဲ"
"ဘာ မကောင်းတာရှိလဲ အဖေပြောသလိုပဲ နောင်ကျရင် Hyung နဲ့ ကျွန်တော်ပဲ ဦးစီးရမှာကို"
"ငါက ကွာရှင်းစာချုပ်မှာ လတ်မှတ်ထိုးပြီးပြီကို အလုပ်လာလုပ်နေတာတောင် လွန်လှပြီ"

Jungkook လည်း ဘာမှပြန်မပြောပဲ အရင် ပန်းကန်တွေကို စင်ပေါ်ထားပြီး Jimin အနားက ခုံလေးမှာ ဝင်ထိုင်လိုက်သည်။ Jimin ကတော့ ပန်းသီးကိုပဲ အာရုံစိုက်နေသလို သူ့ကို မကြည့်။

Happy EndingWo Geschichten leben. Entdecke jetzt