Ep-18

6.6K 783 39
                                    

Unicode;

"ငါ့ကို လွှတ်"

ရုံးခန်းတံခါးပိတ်လိုက်တာနဲ့ အော်လိုက်တဲ့ Jimin အော်သံကြောင့် Jungkook ဆွဲထားတဲ့ လက်တစ်ဖက်အပြင် နောက်တဖက်ပါ ဆွဲယူလိုက်သည်။ Jimin မျက်ဝန်းတို့ကို သေချာလိုက်ဖမ်းကြည့်တော့ သူ့မျက်ဝန်းတည့်တည့်ကို ပြန်ကြည့်မလာ။ သက်ပြင်းချမိရင်း

"ဘယ်လိုဖြစ်တာလဲ နေမကောင်းဘူးဆိုတာက"
"မင်းနဲ့ ဘာဆိုင်လဲ မင်းဘာသာမင်း ခုနာမိန်းမကိုပဲ သွားဂရုစိုက်နေလိုက်"

Jimin စကားကို Jungkook နားမလည်

"ဘယ်ကမိန်းမလဲ"
"ငါက ဘယ်သိမလဲ မင်းဘာသာမင်း အနားခေါ်ထားတာလေ.. ဓါတ်လှေကားထဲတုန်းကဖြင့် ငါ့ကိုတောင် မခေါ်နိုင် မပြောနိုင်နဲ့ အခုမှလာပြီး ရူးတာလိုလို အတိတ်မေ့တာလိုလို လာလုပ်နေတယ်"

Jungkook ပြုံးမိသွားသည်။ Jimin နဲ့ စတွဲလာခဲ့တဲ့ သက်တမ်းတလျှောက်လုံး Jungkook ဘက်ကပဲ ကျောင်းကတည်းက စော်ကြည် ဘဲကြည် Jimin ကို အရိပ်တကြည့်ကြည့်နဲ့ သဝန်တိုခဲ့ရတာ Jimin ဘက်က သဝန်တိုခဲ့တာမျိုး မရှိခဲ့ပေ။ မရှိအောင်ပဲ နေခဲ့လို့လားတော့မသိ။ အိမ်ထောင်ကျပြီးမှ ပထမဆုံး သဝန်တိုခံရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ပျော်တာရယ်လို့တော့ မဟုတ်ပေမယ့် စိတ်ထဲ ကျေနပ်မိနေတာတော့ အမှန်။

"အဲ့ဒါကြောင့် ရုတ်တရပ် နေမကောင်းဖြစ်သွားတာလား"
"ရူးနေလား လုံးဝပဲ"

နှုတ်ခမ်းစူကာ အတင်းငြင်းနေတာကြောင့် Jungkook စိတ်ထဲ အဲ့ဒါကြောင့်ဆိုတာ အလိုလို သိလိုက်သည်။ Jimin ကို ပွေ့ဖက်လိုက်တော့ ရင်ခွင်ထဲက အသေးလေးက ရုန်းရင်း

"ဘာလုပ်တာလဲ လူယုတ်မာရဲ့ ငါ့ကိုလွှတ်"
"မလွှတ်ချင်ဘူး"
"Ya.. Jeon Jungkook မင်းကိုယ်မင်း CEO ဆိုပြီး ဝန်ထမ်းကို လုပ်ချင်တာ လုပ်လို့ရမယ် ထင်နေလား လွှတ်နော် ငါ အော်လိုက်မှာ"

Jungkook က Jimin ကို ပွေ့ဖက်ထားရင်း Jimin နားနား အသံတိုးတိုးဖြင့်

"အော်ပေါ့.. ကျွန်တော့်ရုံးခန်းက အသံလုံတယ် အပြင်က အသံပဲ ကြားရတာ အပြင်ကနေ အထဲက အသံမကြားရဘူး"
"Jeon Jungkook!!"
"တောင်းပန်ပါတယ် Hyung"

Happy EndingDove le storie prendono vita. Scoprilo ora