Ep-9

5.9K 813 29
                                    

Unicode;

"အရသာရှိလား"

Hoseok အမေးကြားမှ Taehyung အတွေးတို့ရပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ Hoseok က ပြုံးရင်း

"Asahi က ဂျပန်လူမျိုးလေ workaholics လို့ ပြောရအောင်ပဲ နည်းနည်းတော့ အလုပ်ဖိခိုင်းတတ်တယ်... အလုပ်စဆင်းတဲ့ရက်မှာပဲ ရုံးဆင်းနောက်ကျလို့ ပင်ပန်းနေပြီလား"
"အင်း အမှန်တိုင်း ဝန်ခံရရင် တကယ် ပင်ပန်းတယ် Hyung ကူညီပေးလို့ တော်သေးတယ် မန်နေဂျာက တကယ် ဆိုးတာပဲ ရုံးစဆင်းတဲ့ရက်ကို အလုပ်တွေ သေအောင်ခိုင်းနေတာ"

ကလေးလေးလို ပုံစံ​လေးနဲ့ နူတ်ခမ်းလေးထော်ထော်ပြီး ပြောပြနေတဲ့ Taehyung ပုံစံကြောင့် Hoseok ရယ်မိသည်။ တကယ်... ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ ကောင်လေးပဲ..။ Taehyung ကတော့ သူ့ကြည့်ပြီး ရယ်နေတဲ့ Hoseok ကို မကျေနပ်တဲ့ပုံစံနဲ့

"ဘာလဲ ဒီလောက်လေး လုပ်ရတာကို ပင်ပန်းတယ်ဆိုပြီး ညည်းပြနေလို့ ရယ်တာလား.. အင်းလေ Hyung နဲ့တော့ ဘယ်တူပါ့မလဲ Hyung ကတော့ CEO ရဲ့ အတွင်းရေးမှူးဆိုတော့ ဒီလောက်လေးကတော့ အေးဆေးပေါ့"
"ဟား... မဟုတ်ပါဘူး Taehyung ရဲ့Hyung က Taehyung စကားပြောတဲ့ ပုံစံလေးကို သဘောကျ လို့ ရယ်တာပါ.. Hyung က ကျောင်းတက်ကတည်းက ကျောင်းတဖက်နဲ့ အလုပ်ဝင်လုပ်ခဲ့တာမို့ လူငယ်ဘဝကတည်းက သူငယ်ချင်းလည်း မရှိဘူး စိတ်ကလည်း လူကြီးဆန်နေမိတာလေ Taehyung လို လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဖြူဖြူစင်စင်လေးကိုတွေ့ရတော့ ဘာလို့မှန်း မသိဘူး ရင်းနှီးချင်မိတယ် စိတ်ထားလေးကိုလည်း သဘောကျတယ်"

Hoseok စကားကြောင့် Taehyung လည်း စိတ်မကောင်းသလို ခံစားမိလိုက်သည်။

"အဲ့ဒါဆို Hyung မှာ သူငယ်ချင်း တစ်ယောက်မှ မရှိဘူးလား"

Taehyung အမေးကို Hoseok က စဉ်းစားဟန်ဖြင့် ခဏ ငြိမ်နေပြီးမှ

"Grade-7 တုန်းက နောက်ဆုံးထင်တယ် Hyung Gwangju မှာနေတုန်းကပေါ့ အဲ့နောက်ပိုင်း အဖေဆုံးသွားတာနဲ့ ဦးလေးနဲ့ Seoul ကို ပြောင်းလာတော့ ကျောင်းအသစ်လည်းဖြစ် အလုပ်တဖက်နဲ့ဆိုတော့ ကျောင်းဆင်းချိန်ကျလည်း သူငယ်ချင်း တွေကို အချိန်မပေးနိုင်တာကြောင့် မထားဖြစ်တော့တာ"
"အာ... တောင်းပန်ပါတယ်"
"ဟင် Taehyung ကလည်း ဘာတောင်းပန်စရာလိုလဲ နှစ်တွေလည်း အရမ်းကြာနေပြီ Hyung လည်း စိတ်ထဲ ဘာမှ မရှိတော့ဘူးမို့ စိတ်မကောင်းမဖြစ်ပါနဲ့"

Happy EndingWhere stories live. Discover now