Unicode;
"ဘယ်တွေသွားနေလို့ ခုမှ ရောက်လာတာလဲ"
အနားကပ်ပြီး ခပ်တိုးတိုးမေးတဲ့ Taehyung အမေးကို Jimin က အသံတိုးတိုးဖြင့်
"Gukie က နေ့လည်စာမစားရသေးဘူး ဆိုလို့"
Jimin စကားကြောင့် Taehyung က မျက်စောင်းထိုးရင်း အသံတိုးတိုးဖြင့်
"ပြောတော့ ကွာရှင်းမယ်ဆို ဟွန့် နေနိုင်ကြတာလည်း မဟုတ်ပဲ အမျိုးမျိုးနဲ့"
"နေ့လည်က မင်းနဲ့ ဘာမှမဆိုင်ပဲ စိတ်ဆိုးမိလို့ တောင်းပန်ပါတယ်"Jimin စကားကြောင့် Taehyung က အံ့ဩဟန်ဖြင့်
"Daebak.. ဒီနေ့ ဘာနေ့လဲ အသက်ရှင်နေရင်းနဲ့ Park Jimin ဆီက တောင်းပန်စကား ကြားရတယ်တဲ့ ငါ ထီထိုးရမလား"
Jimin ရယ်မိသည်။ Jungkook နဲ့ မတွေ့ခင်အထိ သူဆိုးခဲ့သမျှ ပြန်ပြော ပြန်လုပ်ပေမယ် တခါမှ စိတ်မဆိုးခဲ့တဲ့ သူငယ်ချင်းမဟုတ်လား။ ငယ်ကတည်းက ပေါင်းခဲ့တဲ့သူမို့ တခါတလေ တောင်းပန်စရာရှိရင်တောင် တောင်းပန်စကား မပြောပဲ လျှော်ခဲ့ကြတဲ့ ကိစ္စတွေ အများကြီး ရှိခဲ့ကြသည်။
"Park Jimin မဟုတ်ဘူးလေ Jeon Jimin"
"အား.. အသည်းယားလိုက်တာ ပိုကို ပိုတယ်"
"ဟား.. မနာလိုမဖြစ်နဲ့လေ မကျေနပ်ရင် မင်းလည်း Hoseok Hyung ကို"
"တော်တော့နော် Park Jimin ငါတို့က ရိုးရိုးသားသားပါဆို"
"ဟာ ဟိုမာ ပြောရင်း Hoseok Hyung"
"ဘယ်မှာလဲ ဘယ်မှာလဲ"Jimin စကားကြောင့် ကပြာကယာ ဌာန တံခါးပေါက်နား ပြူးပြူးပြဲပြဲရှာနေတဲ့ Taehyung ကြောင့် Jimin ရယ်မိတော့သည်။
"နောက်တာ.. ဟား ဟား ပြောတော့ ရိုးရိုးသားသားဆို ဘာလို့ အဲ့လောက်ရှာနေတာလဲ"
"Ya Park Jimin မင်း လွန်နေပြီနော် တော်တော့ဆို"ရှက်နေတဲ့ Taehyung ကြောင့် Jimin က ရယ်ရင်း
"ဘာဖြစ်လို့လဲ.. မင်းပဲ အရင်က ငါ့ကို Jungkook သူငယ်ချင်း သူဌေးသား လန်းလန်းလေး ရှာပေးပါဆို Hoseok Hyung က Jungkook သူငယ်ချင်းလေ သူဌေးသားလည်း ဟုတ်တယ် လန်းလန်းလေးလည်း ဟုတ်တယ်လေ မင်းရဲ့ စံချိန်စံနူန်းနဲ့ ကွက်တိ မဟုတ်ဘူးလား"
"နိူး.. အဲ့တုန်းက အလုပ်က လစာနည်းလို့ ပြောတာ အခု လစာလည်းများတယ် သက်တောင့်သက်သာလည်း လုပ်ရတယ် ဘယ်သူ့မှ မလိုဘူး မင်း ကြည့်တာနဲ့တင် အိမ်ထောင်ပြုချင်စိတ်မရှိတာ မင်းလိုလူမျိုးနဲ့ တွေ့မှာ ကြောက်လွန်းလို့"
"Ya.. မင်းနော် သူငယ်ချင်းကို အဲ့လိုပြောစရာလား"
YOU ARE READING
Happy Ending
Fanfiction(Unicode +Zawgyi) We can't change the past but we can start a new chapter with Happy Ending 🧡 Unicode; တကယ့်ကို ပျော်ရွှင်ကြည်နူးရတဲ့ Happy Endings လေးပါပဲ။ တကယ်လို့သာ နတ်သမီးပုံပြင် တစ်ပုဒ် ဒါမှမဟုတ် Drama တစ်ပုဒ် ဖြစ်ခဲ့မယ်ဆိုရင် ဒီလိုအချိန်မှာ T...