Unicode;
"Jimin na"
ထမင်းအတူစားနေတုန်း ရုတ်တရပ် Taehyung က ခေါ်လိုက်တာကြောင့် Jimin ထမင်းစားနေရာကနေ ခေါင်းမော့ကြည့်လိုက်သည်။ Taehyung ကို ကြည့်ရတာ တစ်ခုခုကို ပြောပြချင်နေဟန်ပေါ်တာမို့
"ဘာလဲ မနက် ရုံးစရောက် ကတည်းက ငါ့ကို ခေါ်ခေါ်ပြီး ဘာမှလည်း ဆက်မပြောဘူး"
ဘာပြသနာမှ မရှာသေးပဲ ပုံမှန်အတိုင်း ခေါ်ပြောနေတဲ့ Jimin ပုံစံကြည့်တာနဲ့ Namjoon နဲ့ Jin တို့ လက်ထပ်မယ့် ကိစ္စမသိသေးတာ ၁၀၀ ရာခိုင်နူန်း သေချာနေသည်မို့ Taehyung ပြောသင့် မပြောသင့် တွေဝေနေမိသည်။ Jimin က စိတ်မရှည်တဲ့ဟန်ဖြင့်
"ဘာလဲ ပြောစရာရှိတာ ပြောစမ်းပါ မင်းမဟုတ်တဲ့ အတိုင်းပဲ"
"ဟိုလေ.. Jin Hyung အိမ်ရောက်ပီလား"Taehyung အမေးကို Jimin က မျက်မှောင်ကြုံရင်း
"ရောက်ရောက် မရောက်ရောက်ပေါ့ မင်းက ဘာလို့ ငါ့အကိုအကြောင်း စိတ်ဝင်တစားမေးနေတာလဲ.. Hoseok Hyung တစ်ယောက်လုံး ရှိနေတာကို"
"Ya.. Hoseok Hyung က ဘာလို့ပါလာတာလဲ.. ငါတို့က ရိုးရိုးသားသားပါ"
"ဒါဆို ငါ့အကိုကို ကြိုက်နေတာလား"
"မဟုတ်တာတွေ ငရဲတွေ ကြီးကုန်တော့မှာပဲ"Taehyung စကားကို Jimin က အလိုမကျဟန်။
"ဒါလေးပြောတာကို ဘာလို့ ငရဲကြီးမှာလဲ"
"မင်းအကိုက ငါ့အကိုနဲ့ ယူတော့မှာကွ"Taehyung ပြောပြီးမှ ကိုယ့်ပါးစပ်ကိုယ် ပြန်ထိန်းလိုက်သည်။ Jimin လည်း အစကတော့ နားမလည်။
"ငါ့အကိုက ဘာလို့ မင်းအကိုကို ယူမှာလဲ"
Taehyung ဘက်က ဘာမှမဖြေပဲ ပါးစပ်ပိတ်ပြီး ငြိမ်နေလိုက်သည်။ တခုခုဆို တရစပ်ပြောတတ် ငြင်းတတ်တဲ့ Taehyung က ဘာမှဆက်မပြောပဲ ငြိမ်နေတာက Jimin စိတ်ကို မရိုးမရွ ဖြစ်စေသည်။
"ပြောစမ်းပါ ငါ့ကို ဘာတွေဖြစ်နေတာလဲ ငါက ဘာလို့ မသိရတာလဲ"
"Jimin na.. တကယ်တော့လေ ငါ့အကိုနဲ့ မင်းအကိုက မင်္ဂလာဆောင်ဖို့ ကိစ္စအတွက် Seoul တက်လာတာ ငါတို့ကိုလည်း ဖွင့်ပြောပြီးပေါ့"Jimin အတန်ကြာ ငြိမ်နေမိသည်။ ဆွံ့အနေမိသည်ဆို ပိုမှန်မယ် ထင်ပါရဲ့..။ ပြန်စဉ်းစားကြည့်တော့ Jin Hyung ဘာကြောင့် Seoul ကိုလာလဲ အကြောင်းအရာ သေသေချာချာ မမေးမိခဲ့။ Taehyung က စ ချင်စမယ် လိမ်ပြောတတ်တဲ့ သူတော့မဟုတ်။ Jimin ငြိမ်သွားတာကြောင့် Taehyung လည်း ပြာပြာသလဲဖြင့်
YOU ARE READING
Happy Ending
Fanfiction(Unicode +Zawgyi) We can't change the past but we can start a new chapter with Happy Ending 🧡 Unicode; တကယ့်ကို ပျော်ရွှင်ကြည်နူးရတဲ့ Happy Endings လေးပါပဲ။ တကယ်လို့သာ နတ်သမီးပုံပြင် တစ်ပုဒ် ဒါမှမဟုတ် Drama တစ်ပုဒ် ဖြစ်ခဲ့မယ်ဆိုရင် ဒီလိုအချိန်မှာ T...