Unicode;
"Jimin na ဘယ်လိုဖြစ်တာလဲ"
Taehyung နဲ့ Hoseok ညဝတ်အင်္ကျီတွေနဲ့ အပြေးရောက်လာကြသည်။ Suga အကူအညီဖြင့် Jimin Jungkook ရှိရာ ဆေးရုံရောက်လာခြင်း ဖြစ်သည်။ Suga က Reception က Nurse မလေးဖြင့် Jungkook ရှိရာ အခန်းကို မေးနေစဉ် ဖြစ်သည်။ Jimin က မျက်ရည်စမ်းတမ်းဖြင့်
"ကျွန်တော်လည်း မသိဘူး"
ဖြေပြီး Jimin ဆက်ငိုချမိသည်။ Taehyung လည်း ဘာလုပ်ပေးလို့ ပေးရမှန်းမသိ။ Hoseok လည်း Jimin အနားထိုင်ကာ တရှုံရှုံ ငိုနေတဲ့ Jimin လက်ကိုပဲ ဆုပ်ကိုင်ထားလိုက်သည်။ Suga က Jimin ရှိရာ နေရာ ပြန်လာပြီး
"သုံးလွှာမှာတဲ့ လာ သွားကြရအောင်"
Suga ဦးဆောင်ရာနောက်ကို Jimin ရင်တဒိတ်ဒိတ်နဲ့ ဘာမှမဖြစ်ပါစေနဲ့ ဆုတောင်းရင်း လိုက်လာခဲ့သည်။ အခန်းတခုအရောက် Suga တံခါးဖွင့်လိုက်တာနဲ့ ခေါင်းပေါ်က ပတ်တီးစီးထားပြီး ကုတင်အထက် လဲလျောင်း အိပ်စက်နေတဲ့ Jungkook ကို တွေ့ရသည်။ Jimin ချက်ခြင်းပဲ Jungkook ဆီ ပြေးသွားရင်း
"ငါ မှားသွားတာပါ.. ငါက တောင်းပန်ပါတယ်.. ငါက စောစော တောင်းပန်ခဲ့သင့်တာ.. ငါက.. ငါ.. ငါ့အပြစ်ပါ"
အဆက်မပျက် ငိုနေတဲ့ Jimin ကို Taehyung နဲ့ Hoseok ဘေးကနေ အားပေးနေကြသည်။ Suga ကတော့ ဆရာဝန်နဲ့ စကားပြောနေသည်။
"အရမ်း မထိပါဘူး.. ကားက အရှိန်နဲ့ကြောင့် ခေါင်းက နည်းနည်းဒဏ်ရာရသွားတာပါ အခုကလည်း မေ့ဆေးပေးထားလို့ အိပ်နေတာပါ"
ဆရာဝန် စကားကြားမှ Jimin အငိုရပ်ကာ အသက်ရူနိုင်တော့သည်။ Hoseok တို့လည်း ထိုမှ စိတ်ချလက်ချဖြစ်သွားတော့သည်။ Suga ကတော့ အိမ်ပြန်သွားပြီး Taehyung လည်း Namjoon နဲ့ Jin တို့ကို လှမ်း အသိပေးလိုက်သည်။ Jimin ကို Hoseok က ရေတခွက် ခပ်ပေးလိုက်ရင်း
"ရေသောက်လိုက်ဦး အရမ်းလန့်သွားမှာပေါ့"
"ဟုတ်.. ဒါနဲ့ Hyung တို့က ဘယ်လိုလုပ်ရောက်လာ"
"Min မန်နေဂျာ ဖုန်းဆက်လို့လေ"Hoseok စကားကို Jimin ခေါင်းပဲငြိမ့်ပြလိုက်သည်။ ဆေးရုံကို လာတဲ့တစ်လမ်းလုံး Suga ဖုန်းတွေ ခေါ်နေတာတော့ သိလိုက်သည်။ ဘယ်သူတွေကို ခေါ်နေမှန်း အာရုံမထားမိလိုက်။
ESTÁS LEYENDO
Happy Ending
Fanfic(Unicode +Zawgyi) We can't change the past but we can start a new chapter with Happy Ending 🧡 Unicode; တကယ့်ကို ပျော်ရွှင်ကြည်နူးရတဲ့ Happy Endings လေးပါပဲ။ တကယ်လို့သာ နတ်သမီးပုံပြင် တစ်ပုဒ် ဒါမှမဟုတ် Drama တစ်ပုဒ် ဖြစ်ခဲ့မယ်ဆိုရင် ဒီလိုအချိန်မှာ T...