Part 1

16K 757 1
                                    

Unicode

ကြည်လင်‌နေတဲ့ ကောင်းကင်ပြာကြီးမှာ တိမ်စိုင်ခဲလေးတွေ ရွေ့လျားနေပုံက ပင်လယ်ပြင်ကြီးနဲ့တူတယ်။ပင်လယ်ပြင်ကြီးကို မော့ကြည့်နေရသလိုပဲ။

"ဒီနေ့က ရာသီဥတု တော်တော်သာယာတာပဲ"

"ဂျောင်ဂုကီး"

ကြားလိုက်ရတဲ့ အသံကြောင့်ဂျောင်ဂု တော်တော်စိတ်ပျက်သွားသည်။ဒီနေ့လည်း သာယာတဲ့ငါ့မနက်ခင်းလေးကို ဖျက်စီးပြန်ပြီ။

"ကုကီး ဘာလို့ငါ့ကိုမစောင့်တာလဲ အတူတူသွားမယ်ဆိုတာကို"

တစ်ကယ်ပါ သူနဲ့ မသွားချင်လို့စောစော လာပါတယ်ဆိုနေမှဘဲ။အမေရေ ..... ဒီနေ့လည်းအမေ့သား ဂျွန်ဂျောင်ကု ကံဆိုးပြန်ပြီ။

"ဒီမှာ ပီကေ ငါ့ဘာသာငါ စောစောသွားတာမင်းကို ပြောနေရမှာလား"

"ကုကီးကလည်း ငါကမင်းနဲ့ အတူတူသွားချင်တာ"

သေလေ သေလိုက်ပါလား ဟုတ်တယ် ငါ့ကို ဘယ်ချိန်ထိနှိပ်စက်ဖို့ချောင်းနေမှာလဲ ရူးချင်တယ်။

ပီကေလေးကိုလျစ်လျူရူကာ ဂျောင်ကု ခပ်သွက်သွက်လမ်းလျှောက်လိုက်သည်။ဒါတောင် ပီကေလေးက ဂျောင်ကု နောက်ကနေ ထပ်ကြပ်မခွာလိုက်လာဆဲ။ဂျောင်ကု မကြားကြားအောင် ပါးစပ်ကလည်း ပွစိပွစိပြောနေသေးသည်။

"ဟွန့်   အကျင့်ပုတ် ‌ဂျွန်ဂျောင်ကု ဒါလေးစောင့်ရတာကို"

ပါးဖောင်းဖောင်းလေးနဲ့ နူတ်ခမ်းလေးစူပြီးပြောနေတဲ့ ကောင်လေးက အခြားသူအမြင်မှာချစ်ဖို့ကောင်းပေမဲ့ ဂျောင်ကုအတွက်တော့ အမြင်ကတ်စရာ။

"Yar   ပတ်ဂျီမင်း ငါကြားတယ်နော်။ပွစိပွစိပြောမနေနဲ့"

"မှန်တာပြောတာကို"

"Yarr  ပတ်ဂျီမင်း"

တော်ပီ သူနဲ့ဆက်ပြောရင် ကိုယ်သွေးတက်ရုံပဲရှိမယ်။

ဂျောင်ကု ခြေလှမ်းတွေကို ခပ်သွက်သွက်လျှောက်လိုက်ပြီး အနောက်က စကားတွေကို မကြားချင်ယောင်ဆောင်လိုက်သည်။

အနောက်ကို လှည့်ကြည့်လိုက်ပြီး ပီကေလေး မရှိလောက်တော့ဘူးဆိုကာမှ ဂျောင်ကု အသက်၀၀ရူရဲသည်။သူ့ရဲ့ မနက်တိုင်းက အမြဲဒီလိုပဲ။ အစကတော့ ဂျောင်ကုရဲ့ မနက်ခင်းတိုင်းက သာယာခဲ့ပါတယ်။ပီကေလေး ‌ခေါ်  ပတ်ဂျီမင်း ဒင်းလေးကျောင်းစရောက်တဲ့နေ့ကထဲက သူ့ရဲ့နေ့ရက်မှာ ရက်ရာဇာဆိုတာမရှိတော့တာပါ။ ဒင်းလေးက ကျောင်းတက်တာမှ တစ်လတောင် မပြည့်သေးဘူး လူကိုရည်းစားစကားလာပြောတယ်။ကျွန်တော် ဂျွန်ဂျောင်ကု စန်းပွင့်ချက်ပေါ့ဗျာ။ဒါပေမဲ့ ပီကေလေးက စောင်အချေ။ ကျွန်တော်ကြိုက်ကြိုက် မကြိုက်ကြိုက် ဆက်လိုက်မယ်တဲ့။အဲ့နေထဲကနေ ခုချိန်ထိ ကျွန့်တော့်အနားမှာ ပီကေလို ကပ်နေတော့တာပဲ။

𝙼𝚢 𝙿𝙺Where stories live. Discover now