Part 4 (သူ့ မျက်ကွယ်ရာ)

5.9K 453 21
                                    


Unicode

တောင်!?

ဖုန်းထံမှ အချက်ပေးသံလေးနှင့်အတူ
Fri request မွာ ပေါ်လာတဲ့ နာမည်လေးက...

' Shine Wanna '

Fb ပေါ်မှာ followers သောင်းချီနေတဲ့
နာမည်ရ food blogger တစ်ယောက်။ မေမြတ်သူဆိုတာ အစားအေသာက္ဆို ရှေ့ဆုံးကမို့ add မရတဲ့ account ကို followတောင်ရိုးရိုးမဟုတ်
see first နဲ့ထားရတဲ့သူပါ။

လာအပ္တာ သူပဲ သူမွသူ အစစ်။
ကိုယ့်မျက်လုံးကိုမယုံနိုင်၍ wallထဲကို ဝင်ရင်း အပေါ်အောက် ဆွဲမိသည်မှာလည်း အခါခါ။

###

ရှိုင်းမွန်လတ် (ခ) ရှိုင်းဝဏ္ဏ

March 30 , Sunday

ထိုနေ့က ကျွန်တော့်ကို Taiwan Tea ဆိုတဲ့ဆိုင်က blog လုပ်ပေးဖို့ ဆက်သွယ်လာလို့ သူငယ်ချင်းတစ်ယောက်နဲ့ သွားဖြစ်ခဲ့သည် ။

အစားအသောက်နဲ့ ဆိုင်အပြင်အဆင်တွေကို ဓာတ်ပုံရိုက်နေတုန်းမှာပဲ ဆိုင်ထဲကို ကောင်မလေးနှစ်ယောက ်ဝင်လာ၏။
တစ်ယောက်ကတော့ eng class က ခင်တဲ့  ဲ့အစ်မတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကျွန်တော်နဲ့ သက်တူရွယ်တူလောက်ပဲ ဖြစ်မည်ထင်သည်။ ပုခုံးနှစ်ဖက်မှာ ဝဲကျနေတဲ့ မနော်ဂဟီရောင်ဆံပင်လေးကို မျက်နှာပေါ်မအုပ်အောင် ဆံညှပ်အသေးလေးနဲ့ သွယ်ထားသည်။ ဒူးအောက်လောက်ရှိသည့် မိုးပြာရောင်ဂါဝန်လေးကို ဒေါက်မပါတဲ့ ရှူးဖိနပ်အပါးလေးနဲ့ လိုက္ဖက္စြာ ဝတ်ဆင်ထားသည့် မိန်းကလေး။ ပြုံးလိုက်တိုင်း နစ်ဝင်သွားတဲ့ပါးချိုင့်လေးကို အာရုံကင်းမဲ့စွာ ငေးကြည့်နေမိသည်။

ညှို့ယူလွန်းတဲ့ သူ့ မျက်ဝန်းတွေနဲ့ ဆွဲငင်လွန်းတဲ့ သူ့ အပြုံးတွေကြောင့် လက်ထဲက ကင်မရာလေးနဲ့ အမိအရဓာတ်ပုံရိုက်ခဲ့မိသည်။ သက်ဆိုင်သူကတော့ မသိနိုင်ပါ။

ဟိုအစ္မက ကျွန်တော့်ကို လှမ်းမြင်လိုက်တော့ ကျွန်တော်တို့ဘက်ကို ရောက်လာပြီး
နှုတ်ဆက်လာသည်။

" ရှိုင်း class ပြီးထဲကမတွေ့ဖြစ်တာနော်။ တော်တော်တောင်ကြာပြီပဲ။ ညီမကေတာ့ မမြင်တာကြာလေ ပိုလှလာလေပဲ "

" ဟာ မပုလဲဖြူကတော့ နောက်ပြီ။ အစ္မကသာ ပိုလွလာတာပါ "

" ဟာကြာ ရှိုင်းကလည်း ဖြူလို့ပါခေါ်ပါလို့ ပြောထားတာကို "

နင်စေရင် Wo Geschichten leben. Entdecke jetzt