Part 18 ( 2nd sem)

4.3K 343 17
                                    

Unicode

သင်တန်းနှစ်လပြီးချိန်မှာတော့ ကျောင်းတွေလည်း ပြန်ဖွင့်တော့မည်။ သူငယ်ချင်းဆိုတာထက် တစ်ဆင့်တက်သွားပေမဲ့ အရာအားလုံးသည် အရင်အတိုင်းပင်။ နှစ်ဦးကြားချစ်သူဆိုသည့်နာမ်စားကို လွတ်လပ်စွာ သုံးခွင့်မရှိ။ ပုံမှန်ဖြစ်ရပ်တစ်ခုဟူ၍ လက်မခံကြသေးသ၍ ဖွင့်ပြောဖြစ်ပါ့မလား....

" မေ..ကျောင်းဖွင့်တော့မှာဆိုတော့ အိမ်ပြန်ဦးမှာလား..''

" မပြန်တော့ဘူး၊ မေမေက မန်းလေးဆင်းလာမယ်တဲ့ ''

" ယောက္ခမကြီးနဲ့ တွေ့ရတော့မှာပေါ့ ''

" ရှိုင်း.... မေမေတို့ကို ဖွင့်မပြောနိုင်သေးတာ
နားလည်ပေးမယ်မလား..''

" ကိုယ်နားလည်ပါတယ်.. မေ အဆင်သင့်ဖြစ်တဲ့ အချိန်ထိစောင့်မှာပါ ''

" ဖေဖေက လိင်တူချစ်တာကို ဝဋ်ကြွေး ခံရတယ်ဆိုပြီးသိပ်မုန်းတာ။ ငါ..ငါကြောက်တယ်ဟာ...''

" မေရယ်..တစ်ရက်တော့ အဆင်ပြေသွားမှာပါ ''

မြတ်သူရဲ့ လက်လေးကို ကိုင်ကာ
ခေါင်းလေးကို ရင်ခွင်ထဲထည့်ပြီး နှစ်သိမ့်ပေးမိသည်..သူလေး အားငယ်နေရှာမှာပေါ့။

______________

Second semester...

" သမီးရေ...မနက်ဖြန်အတွက် သေချာပြင်ထားနော်''

" မေမေကလည်း first sem တောင် တက်ပြီးနေပြီကို စိတ်ပူမနေပါနဲ့.''

" အေးပါ..ဒါနဲ့ ​သူငယ်ချင်းက ဘယ်ချိန်လာခေါ်မှာလဲ ''

" မနက်ပိုင်းသွားမယ်လို့ပြောတယ်..ဖုန်းဆက်လိုက်မယ်တဲ့..''

" အော်အေးအေး...နင်တို့ အဆင်ပြေရင် ပြီးတာပဲ''

ဒေါ်လေးတို့ကို အလုပ်မပေးတော့ဘဲ
ရှိုင်းနဲ့ပဲ ကျောက်ဆည်သွားဖို့ စီစဥ်လိုက်သည်။ မနက်ဖြန်ဆို မေမေနဲ့ရှိုင်းကို မိတ်ဆက်ပေးရမယ်။ ရှိုင်းအကြောင်းသိပေမဲ့ ကိုယ်တိုင်ကတော့ လိပ်ပြာမလုံတာကြောင့် စိတ်ထဲမဝံ့မရဲဖြစ်မိသည်...

" မြတ်သူ.. ရှိုင်း လာခေါ်မှာလား.''

" ဟုတ်တယ်..မဖြူ
မနက်ကျရင် လာခေါ်မယ်တဲ့..''

နင်စေရင် Where stories live. Discover now