Part 29( hey,strom)

3.8K 336 21
                                    

Unicode

ရင်ထဲမှာ ချစ်ခြင်းမေတ္တာတွေ
ထုတ်မပြတတ်လောက်အောင် ပုံလာတဲ့အခါ

မုန်းတယ်ဆိုတဲ့ နာမ်စားလေးကိုသုံးပြီး
အဆုံးသတ်ပြစ်လိုက်ကြတယ်..

တချို့အမုန်း​တွေဟာ ဖော်ပြလို့မရအောင်ချစ်တဲ့ ပေးဆပ်ခြင်းတွေရဲ့ မျက်နှာဖုံးတစ်ခု~~

ရှိုင်းက မန္တလေးနည်းပညာတက္ကသိုလ်ကိုပြောင်းလာခဲ့သည်....
မိဘတွေကပါကူညီကြတာကြောင့် ကျောင်းကအခက်အခဲမရှိပြောင်းလာနိုင်သည် ။
ရှိုင်းရဲ့ ဆက်ဆံရေးကောင်းမှုကြောင့် အခုဆိုလည်း ကျောင်းမှာမသိတဲ့သူကိုမရှိ...
ယောကျ်ားလေးတွေက စိတ်ဝင်စားကြသလို
Come out လုပ်ထားတဲ့သူမို့ မိန်းကလေးတွေပါဝိုင်းနေတတ်သည် ။
ကျောင်းစာမှာလည်း ထူးချွန်တာကြောင့် ဆရာမတွေကပါ အလေးပေးတာခံရပြန်သည်။

မေမြတ်သူကလည်း Shine Star ဆိုတဲ့ နာမည်နဲ့ ကျောက်မျက်ရတနာဆိုင်ဖွင့်လိုက်သည် ။ သူမရဲ့ marketing ကောင်းတာကြောင့် အချိန်တိုအတွင်းအောင်မြင်လာခဲ့သည် ။ မိုးကုတ်တွင်းထွက်ကျောက်မျိုးစုံအပြင် ကျောက်ပန်းချီတွေအထိ တိုးချဲ့ရောင်းချနိုင်ခဲ့သည် ။ ခရီးသွားကုမ္ပဏီတွေနဲ့ အချိတ်အဆက်ရပြီး မန္တလေးမြို့ကို လာလည်ကြတဲ့ ခရီးသွားတွေကပါ တကူးတက လာဝယ်ရသည်အထိ...။ စိတ်ပါဝင်စားတဲ့ဟာကိုတော့ သူမ တစိုက်မတ်မတ်လုပ်ခဲ့ပါသည်..
ကျောင်းထွက်ရလောက်သည့်အထိ ပြတ်သားခဲ့သော သူမဆုံးဖြတ်ချက်ကို မှားသည်ဟု မဆိုနိုင်အောင် အကောင်းဆုံးလုပ်ပြနိုင်ခဲ့သည် ။

" မေ မနက်ဖြန်မအားဘူးလား..ကိုယ်တို့ date ရအောင် "

" ရှိုင်းကွာ...မအားတာသိရဲ့သားနဲ့။ ဆိုင်ပဲလာခဲ့နော်..ကိုယ်တိုင်ဟင်းချက်ကျွေးမယ် "

ဒီနောက်ပိုင်းမှာ အလုပ်ကိစ္စတွေနဲ့ကြောင့် မေက သူ့ကို အချိန်ကောင်းကောင်းမပေးနိုင်..
သူလည်း နားလည်ပါသည်..

နောက်ဆုံးမှာတော့ သူမျှော်လင့်ခဲ့ရတဲ့
1 year anniversary ကြီးတော့ရောက်လာခဲ့ပြီ...
ကျောင်းပိတ်ချိန် ဖြစ်တာကြောင့် သူ့အတွက် ပြင်ဆင်ဖို့ အချိန်ကောင်းကောင်းရပါသည်...
သူမရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က မေနဲ့ တစ်သက်လုံး လက်တွဲသွားဖို့..

နင်စေရင် Where stories live. Discover now