Unicode
" ဘေဘီ ဘယ်ကဘေဘီလဲ ။ puppy လေးမွေးထားတာလား ။ "
" ဘာပြောလိုက်တယ် "
ရှိုင်းစကားကြောင့် မေမြတ်သူ ခဏတာတော့တွေဝေသွားပုံ ...ပြီးမှ ရှိုင်းရဲ့ကျောကို တဖုန်းဖုန်းရိုက်ရင်း စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည် ။
" မေနဲ့ ကိုခန့်ပိုင်နဲ့က ဟို...ဟို မယူဘူးဆို ။ ဘယ်က ကလေးက "
အလန့်တကြားနဲ့ မေးလာသော ရှိုင်းကို မေကရယ်ရင်းနဲ့ပင် မနာကျင်စေသော လက်ဝါးတို့က ကျောပေါ်သို့ ဒုတိယအကြိမ်ရောက်လာပြန်သည် ...
" ရှိုင်းရယ်...နင်ကလည်း ပေါက်ပေါက်ရှာရှာတွေးတာကိုး...ငါ့ဘေဘီလေးဆိုတာက ငါ့သမီးလေးကိုပြောတာ ။ ချစ်စရာကောင်းတဲ့ သမီးလေး...သူပြန်လာတော့မယ်တဲ့ ။ အဲ့တာ မနက်ဖြန် ဆေးရုံဆင်းဖို့ သွားပြင်ဆင်ထားရအောင် "
" မေ...မေ ရှင်းအောင်ပြောလေဟာ "
" ထသွားကြစို့...ညနေစောင်းနေပြီ ။ "
" ဟဲ့သွားမယ်ဆို "မြတ်သူက သေချာမရှင်းပြဘဲ သွားမယ် တကဲကဲလုပ်နေသောကြောင့် ရှိုင်းက ပေကပ်ထိုင်နေသည် ။ နောက်တော့ ထုံးစံအတိုင်းသူပဲ အလျော့ပေးပြီး မေထိုင်နေတဲ့ ဝှီးချဲလေးကို တွန်းပြီး အခန်းထဲ ပြန်ဝင်လာကြသည် ။
သမီးလေးဆိုသည့်ကိစ္စကို မေးပြောမဲ့ မေကမပြော...သဝန်တိုနေသည့် ရှိုင်းကိုသာ ရယ်ရင်း စကားလွဲသွားတတ်သည် ။
********************
မန္တလေးမြို့...
ငါးနှစ်ဆိုတဲ့ အချိန်ကာလက အရာတော်တော်များများကိုပြောင်းလဲစေသည် ။
အရင်က မိုးကုတ်မှာသာ ဆိုင်လေးရှိသော မြတ်သူတို့က အခုမူ မန္တလေးတွင်လည်း ဆိုင်ခွဲအများအပြားဖွင့်ထားသည်...။ဆေးရုံကိုတော့ ရက်ချိန်းနဲ့ သွားပြရမှာဖြစ်ပြီး မန္တလေးက မေမြတ်သူတို့ အိမ်ကိုပဲ ပြန်လာကြသည် ။
" ရှိုင်း...နင့်မိဘတွေ စိတ်ပူနေမယ်လေ ။ မန်းလေးရောက်ပြီပဲကို ပြန်လိုက်ပါလား "
" မာမီတို့ကို သေချာပြောပြထားပါတယ် ။ မေ့ဆီကိုလည်း လာဦးမယ်တဲ့ ။ မာမီက မေ့သတင်းကြားပြီးကတည်းက စိတ်ပူနေတာ..သူ့ဟာသူ မအားလို့မလာရတာ "
YOU ARE READING
နင်စေရင်
Romanceဘယ်သူပိုချစ်တာလဲလို့ မမေးနဲ့.. အချစ်ဆိုတဲ့ အရာကို ကိုယ်ဖော်ပြတတ်သလို ဖော်ပြခဲ့တာချည်းပဲ... ..................................