Unicode
ကိုကို့ကို မချစ်ခဲ့ဘူး
သိပ်ကိုလှပပြီး
ခမ်းနားတဲ့
မုသားတစ်ခု*************************
ဒီနေ့လေ ကိုကို့ကို သိပ်ပြောချင်တဲ့စကားတွေရှိတယ်သိလား ။
မပြောဖြစ်တော့ဘူးထင်ပါတယ် ။
ကိုကို့အသံကလေ အရမ်းနားထောင်လို့ကောင်းတာပဲ ။ အရင်တခါက မြန်မာလို ဆိုပြတော့လည်း ကောင်းတယ် ။ အခု အင်္ဂလိပ်လို ဆိုတော့လည်း တကယ့် perfect ပဲသိလား ။1 year anniversary မှာ ဒီလို ကိစ္စတွေ ဖြစ်သွားမယ်လို့ တကယ်မထင်ထားဘူး ။
ကိုကို မေ့နေတာရှိတယ်သိလား ။
ဒီနေ့က မေ ခွဲစိတ်ပြီးတာ လေးလပြည့် ဆေးချိန်းလေ ။
မေ မနက်ကသွားစစ်တော့ ဒေါက်တာကပြောတယ် ။
ခွဲစိတ်တာ အောင်မြင်တယ်ဆိုပေမဲ့ ပျောက်သွားတာ မဟုတ်ဘူး။ ရောဂါက အချိန်မရွေး ထဖောက်နိုင်တယ်.....အခုတောင် symptoms တွေ ခံစားရတယ်မလားတဲ့။
မေ့ ရင်ဖက်လေးကို အသာကိုင်ကြည့်တော့လေ အကောင်ငယ်လေးက စည်းချက်မှန်မှန် ခုန်နေတာကိုကိုရဲ့ ။
မေလေ stress နည်းနည်းဖြစ်မိပေမဲ့ ညနေကျရင် ကိုကိုနဲ့ တွေ့ရမဲ့စိတ်ကြောင့် အရမ်းပျော်တာပဲ ကိုကိုရယ် ။တကယ် မယုံနိုင်ဘူး ကိုကိုက လက်ထပ်ခွင့်တောင်းလိမ့်မယ်လို့ ။ သိပ်ဝမ်းသာတာပဲ ။
မေ့အခြေအနေကို ကိုကို့ကိုအကုန်ပြောပြဖို့ လုပ်ထားပေမဲ့ ကိုကိုလွန်တာကိုသိလား။
Scholar ရတာကိုမသွားဘူး။ သိပ်ဆိုးတာပဲ။ ကိုကို့ အိမ်မက်တွေ မဟုတ်လား ။
မေ့ကြောင့် စွန့်လွှတ်မယ်ပေါ့...
မေ ကိုကို့ကို ချစ်တယ် ဒါပေမဲ့ ဒါမျိုးတော့ အားမပေးနိုင်ဘူး ကိုကို ။ကိုကိုသွားကို သွားရမယ်...
မေ့လို ကိုယ့်အသက်ကိုယ်တောင် မပိုင်တဲ့လူဆီမှာ ကိုကိုမရှိနေသင့်ဘူး ။************************
တောင်းပန်ပါတယ် ကိုကို..
မေ ဒီလိုလုပ်မှ ဖြစ်မှာမလို့ပါ ။
မေလုပ်သမျှက ကိုကို့အတွက်ကြီးပဲဆိုတာ ယုံပေးပါနော် ။ကိုငယ်ကိုလေ မေနဲ့ ဟန်ဆောင်ပြီး တွဲပေးဖို့ အကူအညီတောင်းခဲ့တယ် ။
မေမေ့ကိုလည်းအကြောင်းစုံရှင်းပြတော့
ရှိုင်းနာကျင်မှာမလို့ စဥ်းစားပါဦးလားတဲ့ ။
ကိုကိုက မေမေ့ကို အပီချုပ်ထားတာပဲ ။
ကိုကိုက တွဲတာလောက်နဲ့ မရမှန်းသိလို့ မေ စေ့စပ်ဖို့အထိ လုပ်ခဲ့တာပါ ကိုကို ။
YOU ARE READING
နင်စေရင်
Romanceဘယ်သူပိုချစ်တာလဲလို့ မမေးနဲ့.. အချစ်ဆိုတဲ့ အရာကို ကိုယ်ဖော်ပြတတ်သလို ဖော်ပြခဲ့တာချည်းပဲ... ..................................