Part 34 ( အချစ်တို့ ရှိရာ )

4.1K 343 32
                                    

Unicode

" ဖြူလေးတို့အိမ်ဆိုတာမှန်ပါတယ်။
ဒါပေမဲ့ ကလေးရှာနေတဲ့ မေမြတ်သူတော့ မရှိဘူး ကလေးရဲ့ "

" မဟုတ်သေးပါဘူးဗျာ..မေ ရှိမှာပါ "

မိုးကုတ်မှာများလား ။ မဟုတ်သေးပါဘူး ။ ဒီမှာ မေက ဆိုင်ရှိသေးတယ်လေ ။

မရေရာသော အတွေးတို့ကို ရှိုင်း ခေါင်းခါယမ်းပြီးသာ ဖယ်ထုတ်လိုက်သည် ။

" မပုလဲဖြူ တော့ ရှိမှာပေါ့နော် ။ ဒါဆို သူ့ကို ခေါ်ပေးပါလားဗျာ.. မနက်အစောကြီးဆိုတော့ အားတော့နာပါတယ် ဒါပေမဲ့ အရေးကြီးနေလို့ပါ "

" အော်အေးအေး ခဏနော် အိမ်ထဲဝင်စောင့်နေလေ အဒေါ်သွားနှိုးလိုက်မယ် "

အဒေါ်ကြီးလည်း အစိုးရိမ်လွန်နေပုံရတဲ့ ရှိုင်းကြောင့် သူပါ ဘာမှန်းမသိဘဲစိုးရိမ်လာကာ အိမ်ထဲကိုဝင်စေပြီး အပေါ်ထပ်သို့ ​ရေး​ကြီးသုတ်ပြာ တက်သွားရှာသည် ။
ခဏအတွင်တော့ ထို အဒေါ်ကြီးနောက်မှ ပုလဲဖြူကပါ အလောတကြီးဆင်းလာလေသည် ။

" အော် ဖြူက ဒီအချိန်ကြီး ဖြူကိုလာရှာတယ်ဆိုလို့ ဘယ်သူများလဲလို့ ။ ဘာကိစ္စရှိလို့လဲ ရှိုင်းရယ် "

" မေရော မေ ဒီမှာ မရှိဘူးလား ။ မေ အခု ဘယ်မှာများလဲ မပုလဲ သိတယ်မလား "

" အော် ဟိုစာအုပ် ဖတ်ပြီးသွားပြီလား ။ မြန်လိုက်တာရှိုင်းရယ် ။ ဖြူက ရှိုင်းစိတ်ဆိုးနေပြီးတော့ မဖတ်ဘဲနေမိမှာ စိုးရိမ်နေတာ "

အမေးကို အမေးနဲ့သာ တုန့်ပြန်လာသော ပုလဲဖြူကြောင့် ရှိုင်းစိတ်မရှည် ချင်တော့

" မေ ဘယ်မှာလဲ ဆိုတာ ပြောပါဗျာ
သူ..သူ ကျန်းကျန်းမာမာနဲ့ရှိနေတယ်မလား "

" စိတ်အေးအေးထားပါ ရှိုင်းရယ် ။ ဖြူပြောပြပါ့မယ် ။ ဖြူလည်း အရင်က မြတ်သူအပေါ်ကိုစိတ်ဆိုးခဲ့တယ် ။ ရှိုင်းထွက်သွားပြီး အတော်ကြာမှ သူက ရှင်းပြခဲ့တာ ။ သိသိချင်းတော့ ဖြူလည်း ဘယ်သူ့ကို သနားလို့သနားရမှန်းမသိဘူးဖြစ်ခဲ့တယ် ။ ဒါပေမဲ့လေ မြတ်သူက တကယ့်ကို သနားဖို့ကောင်းတာပါ ။ သူ ညဆိုလည်းအိပ်မပျော်ဘူးဆိုပြီး အပြင်မှာ ကြယ်တွေ ငေးပြီးထိုင်နေတတ်တာ ။ ခဏခဏ သတိလစ်လို့ ပြောတာလည်း ဘယ်လိုမှမရဘူး ရှိုင်းရယ် "

နင်စေရင် Où les histoires vivent. Découvrez maintenant