Part 28 ( ချစ်ခြင်းဖြင့် ပျော်စေ)

3.7K 324 8
                                    

Unicode

ဆေးရုံကဆင်းရတော့ ကျောင်းကို နားပြီး အပြင်မှာ ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်ချင်သည်ဟု အမေဖြစ်သူကို ​တောင်းဆိုလာသည်   ။

" သမီး...စီးပွားရေးက စီးပွားရေးပေါ့
သမီးက ငယ်ပါသေးတယ်..ကျောင်းပြီးပြီး ဘွဲ့ရအောင်ထိတက်ပါဦး.."

" မီး..ဆုံးဖြတ်ပြီးပြီ မေမေ ။ ကျောင်းကို အဝေးသင်ပြောင်းတက်ပါ့မယ် ။ပြီးတော့မန်းလေးမှာ ဆိုင်ခွဲဖွင့်မယ် ''

" သမီးဆုံးဖြတ်ချက်တိုင်းကို မေမေ မတားပါဘူး... ဒါပေမဲ့ သမီးရယ် ပညာရေးကြီးကို မစွန့်လွှတ်စေချင်ဘူး ။ စီးပွားရေးလုပ်ချင်လည်း ကျောင်းပြီးမှ လုပ်ပါ..''

" မီး အတွက်မပူပါနဲ့...အဝေးသင်တက်ရင် အချိန်ပိုထွက်လာမယ်လေ ။ မီးက ပိုစိတ်ဝင်စားမိတဲ့ဟာ လုပ်ချင်လို့ပါ "

" သမီးလေးရှိုင်းကိုရော အသိပေးပြီးပြီလား "

" ဟင့်အင်း...မေမေခွင့်ပြုရင် ပြောပြမှာပါ "

" သမီးအဲ့လောက် ဆန္ဒပြင်းပြနေရင် မေမေမတားဘူး...သမီး ဆိုင်ခွဲဖွင့်ဖို့ မေမေကိုယ်တိုင် စီစဥ်ပေးပါ့မယ် "

" မေမေကလည်း သမီးကလေးမဟုတ်တော့ပါဘူး..မကြာခင်တောင် ၁၈နှစ်ပြည့်တော့မှာကို "

" မေမေ့မျက်လုံးထဲမှာတော့ အမြဲတမ်းကလေးလေးပဲ "

" မေမေ ခွင့်ပြုပြီဆိုတော့ မီး ကျောင်းထွက်ဖို့ကိစ္စတွေ ပြင်ထားတော့မယ်နော် "

" အေးအေး..လိုတာရှိရင်ပြောနော်..မေမေ မိုးကုတ်မပြန်ခင် အကုန်လိုက်လုပ်ပေးပါ့မယ် "

" ဟုတ်ကဲ့..."

သူမ အမေရဲ့ ရင်ခွင်ထဲကို တိုးဝင်ပြီး ကလေးတစ်ယောက်လို ချွဲနေရှာပါသည် ။

" ဒါများ လူကြီးဖြစ်နေပြီလို့ပြောရဲသေးတယ်နော်...ကလေးဆိုးကြီး..."

***************

" ကိုယ် ခွင့်မပြုနိုင်ဘူးမေ.."

" ခွင့်​တောင်းနေတာမဟုတ်ဘူး ။ အသိပေးနေတာ "

" မေ.... ကိုယ်က မေ့ကို စိတ်မချလို့ပါ..စီးပွားရေးက နောက်တော့ လုပ်လို့ရတာပဲ ။ ကျောင်းတော့ပြီးအောင်တက်လိုက်ပါနော် "

နင်စေရင် Where stories live. Discover now