Final Episode

8.9K 416 37
                                    

Unicode

ရှိုင်း မြန်မာနိုင်ငံရောက်နေတာ 5 လခန့်ရှိပြီဖြစ်တာကြောင့် မပြန်လို့လည်းမဖြစ်တော့.....
ရှိုင်းရဲ့ လုပ်ငန်းက online program ဆွဲရတာကြောင့် အဆင်ပြေနေခြင်းဖြစ်သည် ။
ဒီတစ်ခါပြန်ရင်တော့ အလုပ်တွေဖြတ်ပြီး မြန်မာနိုင်ငံမှာ အခြေချဖို့ စီစဥ်ထားသည် ။
သွားရင်လည်း မေ့ကိုမထားခဲ့ချင်တာကြောင့်အလည်​ဖြစ်ဖြစ် လိုက်ခဲ့ဖို့ အပူကပ်ရပြန်သည်.....

မေကလည်း သဘောတူတာကြောင့် သွားဖို့ ပြင်ဆင်​ကြသည်....
မသွားခင်လေး မေ့မိဘတွေကို နှုတ်ဆက်ဖို့ မိုးကုတ်ပြန်လိုက်သေးသည် ။

ပုလဲဖြူကလည်း entertainment manager အဖြစ် အတော်ကို အဆင်ပြေနေပြီဖြစ်သည် ။ အရင်ထဲက ထက်မြက်တာကြောင့် သူ့လုပ်ငန်းခွင်မှာကို နာမည်ရသည် ။

တေဇကတော့ သူ့အဖေရဲ့ ကမ္ပဏီမှာပဲ အလုပ်ဝင်နေသည်.....
မဟာဘွဲ့အတွက် နိုင်ငံခြားမှာ diploma ယူနေတာမို့ မေတို့နဲ့ မတွေ့ဖြစ်ကြတော့...

*******************

Myanmar- Japan flight နဲ့ Tokyo ကိုရောက်၍ ထိုမှတဆင့် ပထမဆုံး ရှိုင်းကျောင်းတက်ခဲ့တဲ့ Shinjuku city, Tokyo ကို သွားကြသည်.....
Autumn အချိန်ဖြစ်တာကြောင့် မြတ်သူမြင်ချင်ပါသော ဆာကူရာ ( ချယ်ရီ)  တွေတော့ မတွေ့နိုင်..
သို့ပေမဲ့ နှင်းဖွေးဖွေးနဲ့ တစ်မျိုးလှသည် ။
ရောက်တော့လည်း ရှိုင်းက အလုပ်ကြောင့် မေ့ကို အချိန်မပေးနိုင်ရှာပေ....
နောက်ဆုံး project ကို ပြီးအောင်လုပ်ပြီး ပြောင်းရွေ့ဖို့ရာပြင်ရသည်.....။

* ကိုယ် ဒီနေ့ နောက်ကျမယ်နော် ။ စောင့်မနေနဲ့တော့ ။ Partners တွေနဲ့ ညစာစားပွဲလေးရှိလို့ *

မအားရင်တောင် မေ့ကို ဦးစားပေးတဲ့ ရှိုင်းက ထိုနေ့မှ နောက်ကျမယ်ဆိုပြီး အကြောင်းကြားတော့ မေ့မှာ ထိုင်မရ ထမရ..
ညစာစားပွဲဆိုတော့ မြတ်သူခမျာ တွေးရင်း တွေးရင်းနဲ့ ကြည့်လက်စ coffee and vanilla ထဲက actor Dori Sakurada လို ခပ်မိုက်မိုက်ကောင်လေးနဲ့များသွားတာလား... မဖြောင့်တဲ့ ရှိုင်းက actress Haruka Fukuhara လို ချစ်စရာကောင်းတဲ့ ကောင်မလေးနဲ့များပါသွားတာလားဆိုပြီး ရှာကြံပူနေသေးသည် ။

" မေ...မအိပ်သေးဘူးလား ။ ကိုယ်ကိုစောင့်နေတာလား ။ ပင်ပန်းပါမယ်ဆိုမေရာ..ဆေးရော သောက်ပြီးပြီလား "

နင်စေရင် Where stories live. Discover now