𝑨𝑵𝑮𝑬𝑳
" မင်းက ဘာလို့ ဒီမှာ ရှိနေရတာလဲ ဂျီမင်း...??"
" ဘာလို့လဲ..? "
သူ့မျက်စိရှေ့မှာ လူအများကို ကပြဖျော်ဖြေနေတဲ့ ထို ကောင်လေးက သေချာပေါက်ကို ဂျီမင်းပါပဲ ဆိုတာ သိနေသည်။
အသက်ရှုရပ်တန့်သွားသလိုမျိူး မျက်တောင်မခတ်ပဲ သူ့ရဲ့ လှပ တဲ့ ပုံစံလေးကို လှမ်းကြည့်နေပြီးမှာတော့ ချီးကျူးဂုဏ်ပြု လက်ခုပ်သံများက ဆူညံလာကြသည်။
" En zeru က ဒီနေ့ကျတော့ မျက်လုံးလေးကို စည်းမလာဖူးနော် အကို .."
အကို ဂျွန်းစကားကို ခဏအာရုံရောက်သွားချိန်မှာ ဂျီမင်းသည် လှစ်ခနဲ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားသလိုမျိူး...
" ဟင်..? "
ထိုသူတွေကတော့ သားရဲ တွေလို ဂျီမင်း နာမည်ကို ပြိုင်တူဟစ်အော် နေကြစဉ်
" ကဲ ကဲ..မနက်ဖြန်လည်း တွေ့ရအုံးမှာပဲ။ .. ကိုယ်လူတို့ ကလည်း မလောကြပါနဲ့ ... ပိုက်ဆံတွေ ဒီကိုပေး ... မြန်မြန်..!!!! ဟ ရွှေတွေဟ.... !! မင်းတို့တွေကအရမ်းပဲ နော် ဟားးး ဟားး "
လူပုံအလည်မှာ ဂျပန်အမျိုးသားတစ်ယောက်က ယိုင်တိုင်တိုင်နဲ့ ထိုလူတွေဆီကနေ ရတဲ့ ဆုကြေးငွေတွေ တန်ဖိုးကြီးသောအရာများကို အထုတ်ကြီးနဲ့ကိုသယ်ပြီးကောက်ထည့်နေသည်။
" အဲ့ဒါ ဘာလုပ်နေကြတာလဲ?"
မေးလိုက်တဲ့ မေးခွန်းကို မဖြေပဲ သူ့ကို အကဲခတ်နေတဲ့ ကောင်လေးက
" ခင်ဗျား.. En zeru ကို ကြွေသွားတယ်မလား!"
သူပြန်မဖြေပဲ ဘယ်ရောက်သွားလဲ လိုက်ကြည့်နေတုန်းပဲ ...