ANGEL
နူးညံခြင်းအမျိူးမျိုး နာကျင်ခြင်းအမျိုးမျိုး ခံစားခဲ့ရတဲ့ ထိုညမှာ ပါးပြင်ထက် မျက်ရည်ဝဲလို့ တူတူငိုကြွေးခဲ့ရပြန်တယ် ။
"အား....ပင်ပန်းသွားပြီ ကိုယ့် အချစ်လေး "
ဖွာလန်ကျဲနေပြီး ပျော့ပျောင်း တဲ့ ဂျီမင်းရဲ့
ဆံနွယ်လေးကို နောက်ဆုံးအကြိမ် နမ်းရှိုက်လို့
အရှက်သည်းနေတဲ့ ကောင်လေးဟာ ချက်ချင်းပဲ စောင်အဖြူကို မိမိရရ ဆွဲလိုက်ကာ ဗလာကျင်းနေပြီး အနီရာ ဗလပွနဲ့ ကိုယ်လေးကို ဖုံးကွယ်ထားရင်း ပင် ခပ်တိုးတိုးလေးပြောလာပါသည်။
" ထယ် လဲ ပင်ပန်းတာပဲကိုး ..!"
ဘေးစောင်းအနေထားနဲ့လှဲနေပြီး ထယ်ရဲ့ လက်မောင်းကို ခေါင်းအုံးလို့ စောင်လုံးထွေးကြားထဲ မျက်လုံးလေးသာ ဖော်ထားတဲ့ကောင်လေးကို အားရပါးရ ဆွဲဖက်ညှစ်လိုက်ရရင်ဖြင့်
" ထယ်ဟွန်းရှီ !! လွတ်ပေးနော် "
စိတ်ကလုပ်ချင်တယ်ဆိုတာနဲ့ လူကချက်ချင်းဆွဲဖက်လိုက်တာမျိူး နမ်းချင်တယ်ဆိုတာနဲ့ အားရပါးရ နမ်းရှိုက်တာမျိူး ဂျီမင်းက သူ့ရဲ့စိတ်အထွေထွေကို အမိအရဖမ်းစားညို့ယူပြီးဖြစ်လို့
" ဂျီမင်း ...! ငါ က ဆိုးလား ? "
သူ့ကို ဂျီမင်းက ဘယ်လိုမြင်လဲ သူအရမ်းသိချင်ပါသည်။ မျက်၀န်းလဲ့လေးတွေနဲ့ အကြည့်ချင်းစုံလိုက်တော့ နားလည်သယောင်အကြည့်များစွာ ခံစားရပြီး လက်ကလေးတွေက သူ့ပါးပြင်ကို ထိတွေ့လာသည်။
" ဘယ်လောက်ပဲဆိုးဆိုး ငါ့အတွက်တော့ ထယ်လေး မင်းက အရမ်းချစ်ဖို့ကောင်းတယ် ကလေးဆိုးကြီးလိုပဲ "
