ANGEL
ဘ၀မှာ ဘာမှ မလိုအပ်တော့ဖူး
သူ ရှိရင် အရာရာ ပြည့်စုံသွားပြီ လို့ ကျနော်ပြောပါရစေ
သူနဲ့ ရှိတဲ့ အချိန်တိုင်း ဒီနတ်သားလေးကို ကျွန်ပ်ပျော်ရွှင်ခြင်းတွေ ပေးမှာပါ
ပြတင်းပေါက်ဆီမှ လေပြေလေညှင်းလေးတွေ တိုက်ခတ်လို့လာတော့ ပိုမိုအေးစက်လာတာမို့ ဗလာကျင်းတဲ့ ကိုယ်လေးက အနွေးဓာတ်ကို လိုလာခဲ့တယ် ။
ခပ်သေးသေးလက်လေးကို ကြီးမားတဲ့ လက်တစ်ဖက် က ဆုပ်ကိုင်ထားကာ အကြည့်ချင်းဆုံသွားတော့ အသက်ကိုခပ်ပြင်းပြင်းရှုရှိုက်လိုက်ကာ စိုက်ကြည့်လာတဲ့ ဂျီမင်း
ခပ်ပြင်းပြင်း ရှူထုတ်လိုက်တဲ့ လေပူလေးတွေ က နီးကပ်နေတဲ့ သူ့မျက်နှာကို ထင်ဟပ်လာတော့ စိုးရိမ်စိတ်လေး ထစ်ခနဲ ဖြစ်သွားကာ နဖူးလေးကို စမ်းကြည့်လိုက်သောအခါ
" ဟာ.... မဖြစ်တော့ဖူး ဖျားနေတာပါလား "
" ဟုတ်..လား..!"
" ကိုယ်တွေ ပူနေတယ် အချစ်ရေ ! လက်တွေက အေးစက်နေတာပဲ ကိုယ် တို့ အိပ်ရအောင် လာ "
ခါးသွယ် လေး ကို ဖက်ပြီး လိုအပ်နေတဲ့ အနွေးဓာတ်ကို ရစေဖို့ ရင်ဘတ်ကြီးထဲ ထွေးပွေ့ဖက်လိုက်ထားလိုက်ပါသည်။
" ထယ်ဟွန်း !!...."
ခပ်တိုးတိုးညည်းသံလေးကို ကြားရတိုင်း သူ့ရင်ထဲမှာ သိမ့်ခနဲ ဖြစ်ဖြစ်သွားလို့ စိတ်ကိုထိန်းချူပ်ကာ တံတွေးမြိုချလိုက်သည်။
" ထယ်ဟွန်း... စိတ်ဆိုးပါနဲ့နော် ...!"
မျက်လုံးတွေကို မှိတ်ထားပြီး ရင်ခွင်ထဲမျက်နှာအပ်လို့ စကားပြောတယ်
" ငါ.... အရမ်း ရင်တွေ ခုန်လာလို့...
