ANGEL
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. လူသူကင်းရှင်းသော မနက်အာရုံတတ်ချိန် Osen လမ်းကြားတစ်လျှောက်သို့ အသည်းအသန် ပြေးလွှားသွားကာ ပုန်းကွယ်နေသည့် ကောင်လေးတစ်ယောက် ..
ခြေလှမ်းတွေ မြန်ဆန်လာကာ ရင်ဘတ်ထဲတွင် အထုတ်ကို ပွေ့ပိုက်ရင်း ဟိုကြည့် ဒီကြည့် နှင့် ကြည့်နေဆဲမှာ ရုတ်တရက် ပြေးလာနေသည့် ခြေသံများကို ကြားလိုက်ရသည်။
" En zeru !!"
" တူတူပုန်းတိုင်းကစားနေတာမဟုတ်ဖူးနော် "
ထို ၀ကပါလို အနည်းငယ် ကျဉ်းမြောင်းပြီး ရှည်လျားသော လမ်းလေးထဲမှာ ဂျီမင်း ပိတ်မိနေသည်။
" .. ahh...."
အောက်ကိုမကြည့်မိပဲ ခြေဗလာဖြင့် ပြေးလိုက်တိုင်း ခြေဖဝါး နုနုလေးကို ဖန်ကွဲစတွေ စိုက်မိသည်။ လမ်းလျှောက်သို့ ခက်ခဲနေချိန် သခင်ကြီးလူတွေက အမိအရ ဖမ်းဖို့ သူ့ကို ရအောင်ရှာကြသည်။
" သူ ဒီလမ်းတွေထဲမှာပဲ ရှိတယ် !! မလွတ်စေနဲ့ "
ဂျီမင်းရဲ့ရှေ့မှာတင်ပြောဆိုနေကြပြီး စည်အိုးကြီးတွေနောက်မှာ ပုန်းနေတဲ့ သူ့ကို လုံး၀မမြင်ကြတာမို့
သူ လမ်းမဘက်သို့ အမြန် ပြေးထွက်လာခဲ့သည်။" ဟိုမှာ En zeru !! ဖမ်းကြ !"
ကံမကောင်းစွာပဲ သူ့အရှေ့ရော ဘေးနှစ်ဖက်လုံးကပါ သခင်ကြီးလူတွေက သူ့ဆီဝိုင်းလာကြပြီ
