Angle
လူသားတွေက အချစ်အတွက် မွေးဖွားလာကြပြီး အချစ်စစ်ကို ရှာဖွေကြတယ်
အချစ်စစ်အတွက် ပေးဆပ်ရင်း နေထိုင်ကြရတယ်
နောက်ဆုံး ကံကုန်တော့လည်း စွန့်လွတ်ခဲ့ကြရတယ်ကျနော်ကတော့ ကံကုန်ဖို့နီး နေပြီတဲ့ ပြောရရင် သေဖို့ လှမ်းမြင်နေရရင်တောင် ခေါင်းကြောကတော့ ခပ်မာမာပဲ ကျနော့် နတ်သားလေးကို စွန့်လွတ်ဖို့ အချိန်မတန်သေးဖူးဗျာ
ဟိုးအဝေးကို ထွက်ပြေးပြီး နှစ်ယောက်တည်း မိသားစုကမ္ဘာငယ်လေး တည်ဆောက်ပြီးတော့
အတူတူနေကိုသွားအုံးမှာ"ဒီရွှာ လေးက သာယာလိုက်တာ ထယ်ရယ် ... ဒါ တကယ် ထယ့်ထယ့်ရဲ့ မွေးရပ်ဇာတိမြေလေးပေါ့ "
" အင်း ကိုယ့်အမေရဲ့ မွေးရပ်မြေလဲဟုတ်တယ် "
ဒယ်ဂူးမြို့ပြရဲ့ အဝေးဖျားနေရာ ရွှာငယ်လေးမှာ ထယ်ဟွန်းက ငယ်ငယ်တုန်းက ခက်ခက်ခဲခဲနဲ့ကို ကြီးပြင်းလာရတယ်။
သူ့အကိုတွေ မွေးတဲ့အချိန်တုန်းကထိ မိသားစုလည်းအဆင်ပြေနေသေးပေမယ့် ကံမကောင်းစွာနဲ့ပဲ ထယ်ဟွန်း အလှည့်မှာတော့ အဖေရှာမတွေ့အောင်လို့ မွေးရပ်မြေ ရွှာငယ်လေးဆီ ထွက်ပြေးရင်း ရောဂါဖြစ်ဆဲ ခန္ဓာကိုယ်နဲ့ သူ့ကို မွေးပေးခဲ့ရတယ်
ထယ်ဟွန်းရဲ့ ခက်ခဲတဲ့ ဘ၀အကြောင်းတွေကို အိမ်ရှေ့ရဲ့ ခြံ၀န်းလေးထဲမှာ လှဲလျက်နေ နေလို့ ပေါင်ပေါ် ခေါင်းအုံး ထားကာ နားထောင်နေတဲ့ ဂျီမင်းကို သူ့လက်လေးတွကလဲ အလိုအလျောက် ဆံပင်လေးကို သပ်ပေးနေတယ်
" ငါတို့ ထယ်လေးက အရမ်းအားကျဖို့ကောင်းတဲ့ ယောက်ကျားတစ်ယောက်ပဲနော် "
နားထောင်လို့ပြီးရော သူ့ကို မော့ကြည့်လို့ရယ် နူတ်ဖျားကနေ စကားတခွန်းပြောလာခဲ့ကာ ခပ်သဲ့သဲ့ပြူံးနေသည်။
" ဟုတ်လား ? ကိုယ်က အချစ်ရဲ့ အားကျစရာယောက်ကျားတစ်ယောက်ပေါ့ "
ဂျီမင်း ရဲ့ ဆံနွယ်လေးတွေကို ပွတ်သက်ကစားရတာ သဘောကျတဲ့ ထယ်ဟွန်းက အကြောင်းရင်းမရှိလဲ ငုံငုံ့နမ်းရှိုက်တတ်တယ် ။ ဂျီမင်းက အမေးကို ခေါင်းလေးမော့ကာ ဖြေလိုက်ချိန် ထယ်ဟွန်းကလဲ ခေါင်းငုံ့လာနဲ့ နမ်းတော့မယ်ထင်ပြီး မျက်လူံးလေး ပိတ်ခနဲ မှိတ်သွားချိန် အသက်ခပ်ပြင်းပြင်းရှုသံလေးကလွဲ ဘာမှ မခံစားရတော့