𝑨𝑵𝑮𝑬𝑳
2015 ခုနှစ်
No. 2279 ကင်ထယ်ဟွန်း ထွက်လာပါ။
ရေဗုံးတစ်ဗုံးပြီးတစ်ဗုံး ထမ်းသယ်နေပြီး တစ်ကိုယ်လုံး ရွဲစိုနေသည့် ဆယ်ငါးနှစ် အရွယ် ကောင်လေးတစ်ယောက်
" မိသားစု ၀င် တွေ လာတွေ့တယ်။ "
လူတွေ့ခန်း ထဲကို သူရောက်လာတော့ ကျော့မော့ သန့်ပြန့်နေသည့် လူငယ် နှစ်ယောက်က သူ့ကို မြင်တော့ အံ့ဩပြီး ကြည့်နေကြသည်။
" ထယ်လေး... မင်းက ထယ်လေး..."
" အငယ်လေး.ထယ် လေး .ရယ် .. အတော်တောင် ထွားလာတာပဲ "
" အကို ဂျင် !!!!! အကို ဂျွန်း....!!!"
သူ နာမည်ကိုခေါ်လိုက်ပြီး သူတို့နှစ်ယောက်ကို ကြည့်ကာ ပြုံးပြလိုက်သည်။
သူကတော့ ထောင်သားပီပီ စွတ်ကျယ်လက်ပြတ်နဲ့ ထောင်သားတွေ ၀တ်ဆင်ရတဲ့ ဘောင်းဘီရှည်နဲ့ ရေစိုရွဲနေလို့ပေါ့။
သူကိုယ်တိုင်က အရမ်းနိမ့်ကျလွန်းနေတာမို့ စကားပြောဖို့တောင် ရှက်မိရသည်။
" ဒီမှာ နေရတာ အဆင်ပြေရဲ့လား ထယ်လေး...
အကိုတို့ ခုမှ လာရတဲ့ အတွက် စိတ်မကောင်းပါဖူး "
ထယ်ဟွန်း က ဘာမှမပြောတဲ့အတွက် စိတ်ဆိုးနေတာလို့ပဲ အကိုတွေက ထင်ခဲ့သည်။
သူထောင်ကျနေတာ နှစ်နှစ်လောက်ကြာမှ သိတဲ့ အကို နှစ်ယောက်ဟာ ငါးနှစ်အကြာမှာတော့ သူ့ကို လာတွေ့ခဲ့ပြီး
အစကတော့ တစ်လ တစ်ခါ.. နောက်ပိုင်းတွေ တစ် နှစ်မှ တစ်ခါသာ လာတွေ့ တော့ သည်။
" ထယ်လေး အကိုတို့ လုပ်ငန်းစလုပ်နေပြီ အကို ဂျင် နဲ့ အတူတူ လုပ်ငန်းတည်ထောင်ထားတယ်...
ထယ်လေး ထွက်လာရင် အကို တို့နဲ့ အတူတူလာနေပါ "
