𝑺𝒊𝒙

5.3K 616 93
                                        

ANGEL

" မစမ်းသပ်ချင်ဖူးလား သခင်လေးထယ်ဟွန်း က En zeru အပေါ် သူငယ်ချင်းပဲလား အဲ့ထက် ပိုလားဆိုတာ "

ဒီမေးခွန်းကို ဂျောင်ကု ‌မမေးလာတဲ့အထိ သူ
မစဉ်းစားခဲ့ဖူးဘူး

သူ့ရဲ့ မသိစိတ်က အမြဲသိချင်ခဲ့တယ် ထယ်ဟွန်းကရော သူ့ခံစားချက်နဲ့ တူညီနေမလားဆိုတာ

သူကိုယ်တိုင်ကတော့ သူငယ်ချင်းထက်ပိုနေတယ်ဆိုတာ သိသာနေတာမို့ ၀န်ခံချင်ပါတယ်

ထယ်ဟွန်းက သူ့လက်လေးကိုင်လိုက်ရုံနဲ့ ချက်ချင်း ရင်ထဲမှာ တဒိန်းဒိန်းခုန်လာပြီး နွေးထွေးသွားတဲ့ အထိတွေ့လေးကို သဘောကျခဲ့တယ်

ထယ်ဟွန်းက သူ့ကိုကြည့်လိုက်တိုင်းမှာ ရင်ခုန်လို့ ရှက်မိလို့ အကြည့်တွေ လွဲရလောက်တဲ့အထိ သူ့နှလုံးသား‌ လေး က ထိလွယ် ခံစားလွယ်‌ပြီး ဖန်နဲ့တည်ဆောက်ထားသလိုပေါ့

" ငါ သွားပြီနော် ဂျီမင်း ! ငါ သုံးရက်လောက်ပဲ ကြာမှာမို့လို့ ငါမရှိရင် အဆင်ပြေပြေနေနိုင်အောင် အကုန်စီစဉ်ထားပေးတယ်နော် " တဲ့

ထယ်ဟွန်း သူ့ကို ပေးတဲ့ နွေးထွေးမှု ကြင်နာမှု ဂရုစိုက်မှုတွေက သူငယ်ချင်းစိတ်ထက် ပို လားလို့ သိချင်ခဲ့တယ်

" ဒါဆို .. ငါ .."

သူ့ခေါင်းလေးကို ပုတ်‌ပြီး သူ့နဖူးလေးပေါ် ထယ်ဟွန်းကိုယ်တိုင်ပေးတဲ့ အနမ်းတွေက သူ့နူတ်ခမ်းလေးကိုသာ ပေးရင် ဘယ်လောက်ကောင်းမလဲလို့ စိတ်ကူးယဉ်မိတယ်

ဖြူစင်တဲ့ သူငယ်ချင်းအချစ်ကို အရောင်ဆိုးနေတာ က ငါကိုယ်တိုင်ပါ ထယ်ဟွန်းရယ်

စဉ်းစားနေ ရင်း အခန်းရှေ့ ရောက်လာတော့ အမျိူးသမီးနှစ်ယောက်က ထွက်လာကြကာ

" ဘာအတွက် အခန်းထဲလာတာလဲ မခေါ်ထားပါဖူး "

" သခင်လေးက ရာသီဥတုအေးလို့ En zeru ရေချိုးရင် အဆင်ပြေအောင် ရေနွေးစပ်ထားပေးလို့ ပြောလို့ပါ "

ဂျီမင်း နူတ်ခမ်းလေးတွန့်‌ကွေးသွားရုံလေး ဖြစ်သွားသည်။

𝑨𝑵𝑮𝑬𝑳 ( 𝑴𝒂𝒇𝒊𝒂'𝒔 𝑳𝒐𝒗𝒆 ) 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now