Angel
" ဟတ် ... ဟတ်ချိူး !! ဟတ်ချိုး ဟိ ဟတ်..!!!!"မနေ့ညကလည်း အအေးပတ်ခဲ့လို့ မပြီးသေး အတူတူ ရေချိူးပြီး နောက်မှာ ဂျီမင်း ခဏခဏ နှာစီးပြီး ဖျားချင်သလိုဖြစ်လာပြန်သည်။
နှာထိပ်သီးလေးတွေနီရဲလာပြီး စောင်ပုံထဲမှာ ခပ်ကွေးကွေးနေနေတဲ့ ဂျီမင်းက အ၀တ်စားလဲပြီး သူ့ရှေ့မှာလာရပ်နေတဲ့ ထယ်ဟွန်းကြောင့် ရှက်ကိုးရှက်ကန်းနဲ့ တစ်ဖက်ကို မျက်နှာ လွဲထားဆဲ
" ညဘက် ဘယ်မှ မသွားနဲ့တော့ အခန်းထဲမှာပဲ နေလိုက်တာ ကောင်းမယ် "
ထယ်ဟွန်းရဲ့ စကားသံအဆုံး ချက်ချင်းမော့လာပြီး ကလေးလေးလို ပူဆာတဲ့ဂျီမင်း
" ဟင် ... မရပါဖူး.. လမ်းလျှောက်ချင်တယ်လေ "
" အပြင်မှာ နှင်းကျတော့မှာမို့လို့ အရမ်းအေးနေတယ် အဆုတ်အအေးပတ်လို့ မဖြစ်ဖူးလေ "
" ဟင့်အင်း.. ဟင့်အင်း... သူများတွေ လည်း လျောက်နေကြတာပဲလေ အနွေးထည်၀တ်ထားရင်ရပါတယ် မအေးတော့ပါဖူး "
ဂျီမင်း ဘာလို့ လမ်းလျောက်ချင်နေတာကို ထယ်ဟွန်းသဘောပေါက်တာပေါ့။ သူဆိုတဲ့သူကလည်း ဂျီမင်း စိတ်လေးခုသွားမှာကိုလည်း သိပ်ကြောက် ဖျားနာသွားမှာကိုလည်း စိုးရနဲ့
" ဟူး.....! တကယ်ပဲကွာ "
" ဘာလဲ သက်ပြင်းချတာ ဘာလို့လဲ! လိုက်မပို့ပေးချင်တော့ဖူးလား စိတ်ညစ်သွားပြီလား ဘာ..."
" အာ အချစ် ခဏ ..! ကိုယ်စိတ်ပူလို့လေကွာ.."
ထယ်ဟွန်း အော်လိုက်တာကြောင့် ဂျီမင်း လန့်ပြီး မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ ကြည့်နေခဲ့သည်။