Angel
ညဘက် အိပ်ပျော်ရာမှ ချက်ချင်းပဲ ဘေးနားမှာ ထယ်ဟွန်း ရှိမနေဖူးဆိုတဲ့ အသိကြောင့် ဂျီမင်း အိပ်ရာကနေ လန့်နိုးလာခဲ့ရပြီး
" ဘယ်သွားတာလဲ မသိ ..?"
မီးအလင်းပြပြလေးရှိနေတဲ့ အိပ်ခန်းလေးထဲမှာ ထယ်ဟွန်းကို ထိုင်စောင့်နေရင်း ဂျီမင်းစိတ်မရှည်တော့ပဲ အခန်းထဲကနေ ထွက်လာလိုက်သည်။
" ငါ သုံးလေးရက်လောက်ကြာအုံးမှာဆိုတော့ ခဏလောက်တော့ ဖြတ်ထားရလိမ့်မယ် ... " 📞
ဟိုတယ်အခန်းရှေ့ လေသာဆောင်ဘက်မှာ တစ်ယောက်တည်းဖုန်းပြောနေတဲ့ ထယ်ဟွန်းကို တွေ့တာ အနားကို မသွားသေးခင် အရင်ဆုံး နောက်ကနေ နားထောင်ကြည့်နေခဲ့သည်။
" ဟုတ်တယ် ... ငါလဲ ဆေးမေ့ကျန်ခဲ့တာ ဘယ်လိုမှမတတ်နိုင်ဖူး " 📞
" ဆေးတဲ့ ??? ဘာဆေးပါလိမ့် !"
" အင်း ဒီနေ့တော့ မူးလဲတယ် ...ဘာလို့ဖြစ်လဲ သူမသိပါဖူး " 📞
" အခုတော့အဆင်ပြေသေးတယ် နှစ်ရက်စာတော့ ငါ့ဆီမှာ ပါလာတော့ သက်သာသွားတယ် "📞
ထယ်ဟွန်း ဘာတွေပြောနေလဲ ဂျီမင်း နားမလည်ပါ။ သေချာတာကတော့ ဂျောင်ကုဆီ ဖုန်းဆက်ပြောနေတာလို့တော့သိသည်။
" ငါမသိအောင် သူတို့တစ်ခုခုဖုံးကွယ်ထားသလိုပဲ "
" ဖုန်းချလိုက်တော့မယ် ဒါပဲ " 📞
ထယ်ဟွန်း အခန်းထဲပြန်၀င်လာချိန်မှာ ကုတင်ပေါ်မှာ ဂျီမင်းတစ်ယောက်ငုတ်တုတ် လေး ထိုင်နေလို့
" ဟာ တစ်ရေးနိုးလာတာလား ? ဆောရီးပါ ကိုယ် အရေးတကြီးဖုန်းက၀င်လာလို့ စကားပြောနေတာ "
