Episode 3

3.7K 376 0
                                    

[ Zawgyi ]

ရှဲလီနှင့် စကားပြောနေစဉ် တဲဖျင်ထဲသို့ ရဲမက်တစ်ယောက်ဝင်လာခဲ့လေသည်။ ပင်းဝမ်သည် စိတ်မရှည်စွာဖြင့် မျက်လုံးကိုဝေ့ရင်း ဘာဖြစ်လို့လဲ မေးမြန်းလိုက်၏။

"" ယန်နိုင်ငံက သူလျိုတစ်ယောက်ကို ဖမ်းဆီးမိကြောင်းပါ ""

"" သခင်လေးလီကို စောင့်ရှောက်ထားလိုက် ""

ထိုင်နေရာကနေ ဝုန်းခနဲထရပ်လိုက်ပြီး အပြင်ဘက်သို့ ပင်းဝမ်ထွက်သွားခဲ့သည်။ ရှဲလီသည်လည်း မျက်လုံးများပြူးကျယ်သွားပြီး ပင်းဝမ်ရဲ့အနောက်သို့ လိုက်မည်ပြုရာ ရဲမက်မှ တားဆီးလိုက်လေသည်။

"" စစ်သူကြီးက သင့်ကို ဒီမှာနေခဲ့ဖို့ ပြောထားပါတယ် မိုးသက်လေပြင်းတွေလည်းကျနေတာမို့လို့ တဲထဲမှာပဲ နေဖို့အကြံပေးပါရစေ ""

ရှဲလီသည် သက်ပြင်းချရင်း စိုးရိမ်ပူပန်စွာဖြင့် အပြင်ဘက်ကိုပဲ ငေးကြည့်နေမိတော့သည်။ 

စစ်ဗျူဟာများဆွေးနွေးသည့် တဲဖျင်ထဲသို့ ပင်းဝမ် ရောက်သည့်အခါ တပ်မှူးများသည် သူလျိုကို ကြိုးတုပ်ပြီးဖမ်းဆီးထားကြောင်းတွေ့လိုက်ရလေ၏။

""သင်တို့အားလုံးထွက်သွားလို့ရပြီ ""

တပ်မှူးများအားလုံးထွက်သွားကြပြီးနောက် ပင်းဝမ်သည် သလွန်ထက်၌ ခြေချိတ်ထိုင်လိုက်သည်။ ကျဲဟန်ကတော့ အစောင့်အဖြစ် အနှီသူလျိုရဲ့အနောက်တွင် စောင့်ကြပ်နေ၏။

"" ဆိုပါဦး ""

"" ကျွန်ုပ်ရဲ့တာဝန်က ယန်ပြည်ထောင်ကနေ ပို့လိုက်တဲ့ သတင်းစကားကို စစ်သူကြီးထံ ပေးပို့ရမှာပါ သဝဏ်လွှာအရ စစ်သူကြီးဆီမှာ ရောက်နေတဲ့ ကျွန်ုပ်တို့တိုင်းပြည်က မင်းသားကို ပြန်ပို့ပေးမယ်ဆိုရင် မဟာမိတ်ဆက်ဆံရေးအတွက် ပြန်လည်ခွင့်ပြုပေးမည့်အပြင် အရှေ့ပိုင်းနယ်မြေချဲထွင်ရေးအတွက် တာ့ဝမ်ဘက်ကလိုအပ်တဲ့စားနပ်ရိက္ခာကိုလည်း ယန်ပြည်ထောင်ဘက်ကထောက်ပံ့ပေးမယ်လို့ဆိုပါတယ် ""

အနှီသူလျိုရဲ့စကားကြောင့် ကျဲဟန်အနေနဲ့ စူးစမ်းချင်စိတ်ဖြစ်သွားခဲ့သည်။

The Loyal Male LoverWhere stories live. Discover now