Episode 29

1.8K 238 17
                                    

[ Zawgyi ]

ဆောင်းရာသီရဲ့ညပိုင်းအချိန်မှာတော့ အအေးဓာတ်သည် အလယ်ပိုင်းဒေသတစ်ခုလုံးကို အုပ်စိုးကာမင်းမူနေသည်။ မီးရောင်များထိန်ထိန်လင်းနေသည့် အိမ်ငယ်လေးထဲတွင်တော့ ပင်းဝမ်သည် လေးထောင့်ကွက်ပုံစံ မီးဖိုသည့် နေရာ၌ ထင်းများကိုမီးရှို့နေသည်။ ရှဲလီကတော့ အိပ်ရာဘေးက ခုံတွင်ထိုင်ပြီး စာဖတ်နေသည်။

ဒီလိုနှင့် မီးမွှေးပြီးသည့်အခါ  ပင်းဝမ်သည် ရှဲလီခင်းပေးထားသည့် အိပ်ရာပေါ်၌ လှဲအိပ်ချလိုက်သည်။

"" ခေါင်းအုံးပေါ်ကို ခြေထောက်မတင်နဲ့ ""

ဆေးကျမ်းများကို ဖတ်နေရင်း ပြောင်းပြန်အိပ်နေသည့် ပင်းဝမ်ကို ရှဲလီသတိလှမ်းပေးလိုက်သည်။ သို့ပေမယ့် ရှဲလီရဲ့အကြည့်များကတော့ စာအုပ်ပေါ်မှာပဲ တည်ရှိနေ၏။

"" ခြေထောက်တင်တော့ ဘာဖြစ်မှာမို့လို့လဲ။ အညောင်းတောင်သက်သာသေး ""

အမြဲတမ်းခပ်ပေါ့ပေါ့နေတတ်သည့် ပင်းဝမ်က အလေးမထားသည့်လေသံဖြင့် စကားဆိုလိုက်သည်။

"" သင့်ရဲ့ခေါင်းကို ခြေထောက်နဲ့နင်းရင် ကြိုက်လား ""

ရှဲလီရဲ့စကားကို ကြားတော့ ပင်းဝမ်တစ်ယောက် အိပ်နေရာကနေ ငေါက်ခနဲပြန်ထလာပြီး ဒူးတစ်ဖက်ကိုထောင်ကာ မုဆိုးထိုင်နည်းအတိုင်းထိုင်ရင်း ရှဲလီကို ကြည့်လိုက်သည်။ ရှဲလီကတော့ ပင်းဝမ်ကို တစ်ချက်လေးမျှတောင်လှည့်မကြည့်ပဲ စာအုပ်ကိုသာဖတ်နေသည်။

ထို့နောက် ပင်းဝမ်သည် ဘာတစ်ခွန်းမျှပြန်ပြောမနေတော့ပဲ အတည့်ပြန်အိပ်လိုက်ပြီး အိတ်ထဲက နေကြာစေ့အချို့အား အခွံခွာကာစားနေလေသည်။

"" အိပ်နေရင်းနဲ့ အစာစားတာ မယဉ်ကျေးတဲ့အပြုအမူပဲ ""

"" ဝေ့! သင့်ဟာက တရားမလွန်လွန်းဘူးလား။ ကျွန်ုပ်ရဲ့အမေတောင် ကျွန်ုပ်ကို အဲ့လောက်ထိလိုက်မပြောဖူးဘူး  ""

နောက်ဆုံးတွင် ပင်းဝမ်ဘယ်လိုမှ သည်းမခံနိုင်တော့ပဲ ထထိုင်လိုက်သည်။ ရှဲလီကတော့ ထုံးစံအတိုင်း တည်ငြိမ်ရက်သားကောင်းနေ၏။ ထို့ကြောင့် ပင်းဝမ်သည် ရှဲလီလက်ထဲကနေ စာအုပ်ကို ဆွဲယူလိုက်ပြီး သူ့ကို အာရုံစိုက်စေသည်။

The Loyal Male LoverDonde viven las historias. Descúbrelo ahora