[ Zawgyi ]
လပြည့်နေ့မတိုင်ခင် တစ်ရက်အလိုတွင် ဟွမ်ရင်းသည် ရှဲလီရှိရာသို့ မနှေးမမြန်သောခြေလှမ်းများဖြင့် ရောက်ရှိလာ၏။
"" ဘယ်ဆိုးလို့လဲ။ သတ်မှတ်ထားတဲ့အချိန်အတွင်း ပြီးအောင်လုပ်နိုင်ခဲ့တာပဲ ""
အဆင်သင့်ဖြစ်နေပြီဖြစ်သော အဆိပ်များကို တွေ့ရတော့ ဟွမ်ရင်းတစ်ယောက် ဖုံးဖိ၍မရအောင် ပြုံးရွှင်သွားလေသည်။
""ကျွန်ုပ် သွားလို့ရပြီမလား။ ""
"" မရသေးဘူး။ လပြည့်နေ့ကျော်တော့မှ သင့်ကို သွားခွင့်ပြုနိုင်မယ်။ ဘာလို့လဲဆိုတာ ပြောဖို့မလိုအပ်ဖူးထင်တယ်။ ""
ရှဲလီသည် ဘာတစ်ခွန်းမျှ အထွန့်မတက်ပဲ တိတ်ဆိတ်စွာဖြင့် ငြိမ်သက်နေလိုက်၏။
အနားတွင်ရှိသည့် သူပုန်များမှာ အဆိပ်မှုန့်များဖြင့် ဗြောက်အိုးများ မီးရှုးမီးပန်းများကို ပြုလုပ်နေကြပြီး ကိုယ်စီကိုယ်စီ အလုပ်များနေကြသည်။"" မနက်ဖြန်လပြည့်နေ့က ချီပင်းဝမ်ရဲ့ဈာပနာနေ့မို့လို့ သေချာပြင်ဆင်ထားကြ!
ကျွန်ုပ်တို့အနေနဲ့ စစ်အရှင်ကြီးကို ခမ်းခမ်းနားနားနဲ့ ဂုဏ်ပြုပေးရမှာပေါ့။ ""ရွှင်မြူးစွာဖြင့် ဟွမ်ရင်းကနေ ရှဲလီရဲ့ပုခုံးကို ပုတ်မည်ပြုစဉ် ရှဲလီသည် အနောက်သို့ဆုတ်ပြီး အသာရှောင်ရှားလိုက်၏။
.
.
.
.
................................................လမင်းထိန်ထိန်သာနေသည့် လပြည့်နေ့တွင် ချန်းယွမ်မြို့တော်၌ လူအများစည်းကားစွာဖြင့် ပွဲတော်တွင် ဆင်နွှဲနေကြသည်။ ဟွမ်ရင်းဦးဆောင်သည့် သူပုန်တပ်ဖွဲ့သည် ရိုးရာသရဲမျက်နှာဖုံးများကိုဝတ်ဆင်လျက် နန်းတော်ဂိတ်တံခါးကနေ ကျော်ဖြတ်လာကြသည်။
တစ်ချိန်က ချန်းယွမ်အလံများစိုက်ထိုးထားသည့် စစ်ရေးကွင်းပြင်၌ တာ့ဝမ်အလံများကို လွှင့်ထူထား၏။
ထူးဆန်းလှသည့်အပြင်အဆင်မှာ သေရည်အိုးများကို မီးပုံးသဏ္ဍာန် နေရာအနှံ့တွင် ချိတ်ထားခြင်းပင်။ လုံခြုံရေးအရကြည့်မယ်ဆိုရင်လည်း စောင့်ကြပ်နေသည့် ရဲမက်များမှာ အယောက်နှစ်ဆယ်တောင် မပြည့်ပေ။
YOU ARE READING
The Loyal Male Lover
Historical Fiction#Not Translation Both Zawgyi and Unicode are available!