Episode 7

2.7K 283 4
                                    

[ Zawgyi ]

ရှဲလီနိုးထလာသည့်အခါ ကျယ်ဝန်းလှသည့် တဲဖျင်ထဲသို့ရောက်နေကြောင်း တွေ့လိုက်ရသည်။ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်စဉ် ခုံပေါ်တွင်ထိုင်နေသည့် ရွှယ်မုံနှင့် အကြည့်ချင်းသွားဆုံလေ၏။

""သခင်လေး နိုးလာပြီလား!! ""

ရွှယ်မုံရဲ့အခေါ်အဝေါ်မှာ သူ့အတွက် စိမ်းသက်သက်ဖြစ်မိပေမယ့် အခြေအနေအားလုံးကို ပြန်အမှတ်ရမိသွားတော့ သူ့အနေနဲ့ မင်သက်စရာတော့မရှိပေ။

"" ရေ…""

ရွှယ်မုံသည် ကပျာကယာဖြင့်ရေခတ်ပေးရင်း ရှဲလီရဲ့ကိုယ်လေးကို အသာထူမပေးပြီး ရေခွက်ပေးလိုက်သည်။

"" သက်သာရဲ့လား သခင်လေး
အခုကစပြီး…စစ်သူကြီးက အရှင့်ကို သခင်လေးလို့ပဲခေါ်ရမယ်လို့ မှာထာတာမို့လို့…""

စစ်သူကြီးဆိုမှ ယန်နန်းတော်က ဖြစ်ပျက်ခဲ့သမျှကို သွားသတိရပြီး သူ့ရဲ့ရင်ထဲတွင် လေးလံလာပြန်လေသည်။

"" ရွှယ်မုံ…မယ်တော်…""

"" ကျွန်ုပ် သိပါတယ် ""

ရှဲလီအနေနဲ့ ငိုကြွေးလိမ့်မည်ဟုထင်ထားခဲ့ပေမယ့် ရှဲလီသည် တည်ငြိမ်စွာဖြင့် အိပ်ရာထက်၌ထိုင်နေသည်။ မျက်နှာမှာလည်း တစ်ချက်လေးတောင် မပျက်သွားပေ။

"" သခင်လေး…""

"" ကျွန်ုပ်ရဲ့ရင်ထဲမှာ လေးလံနေတယ် ရွှယ်မုံ…မယ်တော်က အဆုံးထိ ကျွန်ုပ်ကို ကာကွယ်ပေးသွားခဲ့တယ် ကျွန်ုပ်ကတော့…သူ့ကို…တစ်ချိန်လုံး နာကျည်းနေခဲ့တယ် ""

"" ဒါက သခင်လေးရဲ့အပြစ်မဟုတ်ပါဘူး
လူယုတ်မာပိုင်မင်ကြောင့် သခင်လေးရဲ့မိသားစု တကွဲတပြားဖြစ်ရတာ!
အဲ့ဒီလူကို ဖြစ်နိုင်ရင် ဆုံးပါးသွားတဲ့ အရှင်နဲ့ မိဖုရားအတွက် ကလဲ့စားချေလိုက်ချင်တယ်!""

"" ကလဲ့စား…? ""

အသိမဲ့သည့် လူတစ်ယောက်လိုပြုမူနေရင်း ကလဲ့စားဆိုသည့်စကားလုံကြောင့် မျက်လုံးများ ဝိုင်းစက်သွားခဲ့သည်။

"" ကလဲ့စားချေခြင်းက သင့်ရဲ့စိတ်ကို အေးချမ်းအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး
ကောင်းကင်ဘုံက သူတို့ကို ဒဏ်ခတ်မှာမို့လို့  ကလဲ့စားချေပြီး သူတို့လိုမျိုးအပြစ်မကျူးလွန်ပါနဲ့…""

The Loyal Male LoverTahanan ng mga kuwento. Tumuklas ngayon