Extra Part I

540 74 9
                                    

( Unicode )

နေလုံးကြီးမှာ အရှေ့အရပ်ကနေ တစ်စတစ်စပြူထွက်လို့လာသည်။ နေကြာပန်းရနံ့များမှာလည်း နံနက်ခင်းလေပြေနှင့်အတူ တဖြည်းဖြည်းသင်းပျံ့လို့လာနေလေသည်။

ရုတ်တရက် မျက်နှာပေါ်နွေးခနဲ ဖြစ်သွားသည့်ခံစားချက်ကြောင့် ပင်းဝမ်တစ်ယောက်အိပ်နေရာကနေ ဆတ်ခနဲလန့်နိုးသွားသည်။ အိပ်ချင်မူးတူးဖြင့် မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်တော့ ပြတင်းပေါက်နားတွင်ရပ်နေသည့် လုလင်ပျိုတစ်ဦးရဲ့ပုံရိပ်ကို သူဝါးတားတားမြင်လိုက်ရသည်။

" ရှဲလီ…"

" အာ့ နိုးသွားတာလား  "

ပင်းဝမ်ရဲ့အသံကိုကြားတော့ ရှဲလီက အနောက်သို့ ဖျတ်ခနဲလှည့်ကြည့်လိုက်သည်။ ပင်းဝမ်လည်း အိပ်ရာထက်ကနေ တဝါးဝါးသန်းရင်း ထလာသည်။ စုတ်တိစုတ်ဖွားဆံပင်နှင့် ခပ်မှေးမှေးဖြစ်နေသော မျက်ဝန်းများကြောင့် ပင်းဝမ်ရဲ့အသွင်မှာ လော့ပန်းနှင့်တောင်သွားတူနေလေသည်။

" အဟမ်း…"

ရယ်ချင်စိတ်ကို ရှဲလီအောင့်အီးရင်း ချောင်းဟန့်လိုက်သည်။ သူ့ကိုကြည့်ပြီး ပြုံးစစလုပ်နေသည့် ရှဲလီကြောင့် ပင်းဝမ် အနည်းငယ်တွေဝေသွားသည်။ ထို့နောက် သူလည်း ခပ်ညစ်ညစ်ပြုံးရင်း ရှဲလီရဲ့ခါးကို ဆွဲဖက်လိုက်သည်။

" မှန်မှန်ပြောစမ်း။ ကျွန်ုပ်ရဲ့မနက်ခင်းအလှမှာ သင် ကြွေဆင်းသွားပြီမလား "

" ဖွီး……ဟားဟားဟား "

ပင်းဝမ်ရဲ့ စကားကိုကြားတော့ ရှဲလီတစ်ယောက် မအောင်နိုင့်တော့ပဲ မျက်နှာကြီးနီရဲလာပြီး ရယ်ချပစ်လိုက်တော့သည်။ ရှဲလီရဲ့ရယ်မောသံကိုကြားတော့ ပင်းဝမ်တစ်ယောက် အလွန်နေသာထိုင်သာရှိသွားသည်။ ရှဲလီမှာ မကြာခဏပြုံးတတ်ပေမယ့် ဟက်ဟက်ပက်ပက်ရယ်မောသည့်အချိန်ကတော့ လက်ချိုးရေတွက်လို့တောင်ရ၏။

" စိတ်မကောင်းစရာပဲ။ ကျွန်ုပ်မှာ ပိုင်ရှင်ရှိတယ်။ ကျွန်ုပ်ရဲ့ ခင်ပွန်းက ကျွန်ုပ်ကို သိပ်ချစ်တာ။ ကျွန်ုပ် သူ့ကို သစ္စာမဖောက်နိုင်ဘူး"

ပင်းဝမ်တစ်ယောက် စိတ်ကြီးဝင်နေသည့်ပုံစံမျိုးဖြင့် လုပ်ပြောလိုက်သည်။ ထိုအခါ ရှဲလီက မျက်ခုံးတစ်ဖက်ပင့်လျက်

The Loyal Male LoverOnde histórias criam vida. Descubra agora