Episode 20

2.2K 256 10
                                    

[ Zawgyi ]

ရေချိုးဆောင်ထဲတွင်တော့ ရေစိမ်ရင်း သက်တောင့်သက်သာအနားယူနေသည့် ပင်းဝမ်ကို ရှဲလီတွေ့လိုက်ရသည်။ ရှဲလီကနေ တိတ်တဆိတ်ဖြင့် ပြန်ထွက်သွားဖို့ လုပ်တော့ ပင်းဝမ်ရဲ့မျက်ဝန်းများမှာ ပွင့်သွားခဲ့သည်။

"" သင် ပါလား? ရေချိုးမလို့လား။""

ပင်းဝမ်ရဲ့ ပျင်းရိပျင်းတွဲလေသံကို ကြားတော့ ရှဲလီရဲ့ ခြေလှမ်းများမှာ ရပ်တန့်သွားသည်။ စကားပြန်မပြောပဲ တိတ်ဆိတ်နေသည့်ရှဲလီကြောင့် ပင်းဝမ်မှ အလိုမကျစွာဖြင့် 'ကျစ်´ဆိုသည့်အသံပြုလိုက်သည်။

ဘယ်အချိန်ထိ ဝေဒနာကိုဖုံးကွယ်ထားမှာလဲလို့ သူတွေးမိသည်။

"" စကားမစပ် သင့်ကို ပေးလိုက်တဲ့ အဝတ်အစားက ဝတ်ရတာ အဆင်ပြေရဲ့လား။ အဲ့ဒီအဝတ်အစားတွေက ကုန်သည်လှေတွေနဲ့လာတာမို့လို့ မသန့်ဘူး။ အဲ့ဒါကို အသစ်တွေဆိုပြီး အစေခံတွေက မလျှော်ရဲပဲနဲ့ ဒီအတိုင်း ဆက်သလိုက်တယ်လေ။ အသုံးမကျလိုက်တဲ့ဟာတွေ။ကျွန်ုပ်ရဲ့တစ်ကိုယ်လုံး ပုရွတ်ဆိတ်တွေကိုက်နေသလိုပဲ ယားလွန်းလို့ သေနိုင်တယ်!""

အစ်ကိုတစ်ယောက်အနေနဲ့ ကျဲဟန်ရဲ့အပြစ်ကို ဖုံးကွယ်ပေးလိုက်သလို၊ ရှဲလီကိုလည်း သံသယစိတ်မပွားအောင် ပင်းဝမ်မုသားဆိုလိုက်သည်။

သူ့ရဲ့စကားကိုကြားပြီး ခဏကြာတော့ ရှဲလီမှ သူ့ဘက်သို့ လှည့်ကြည့်လာကြောင်း တွေ့လိုက်ရသည်။ ရှဲလီနှင့် အကြည့်ချင်းဆုံမိကြတော့ ပင်းဝမ်ရဲ့မျက်နှာမှာ မပြုံးပဲမနေနိုင်ပေ။

"" သင်ကော ယားယံသလို မဖြစ်ဘူးလား။ အကယ်၍ ဖြစ်တယ်ဆိုရင် ဒီမှာ ရေလာစိမ်ပါလား။ ဆေးမြစ်တွေကျိုပြီး ရောစပ်ထားတာမို့လို့ သိပ်မကြာခင်သက်သာသွားလိမ့်မယ်။ မဟုတ်ရင် ပြည်တည်နာတွေဖြစ်ကုန်လိမ့်မယ် ""

ရှဲလီမှ အတော်အတန်ကြာ ငြိမ်သက်နေပြီးနောက် သက်ပြင်းသဲ့သဲ့လေးချလိုက်သည်။ ထို့နောက် အပေါ်ဝတ်ရုံကိုချွတ်ပြီး ရေထဲသို့ ဖြည်းဖြည်းချင်း ဆင်းလိုက်သည်။

ပင်းဝမ်နှင့် မျက်နှာချင်းဆိုင် အနေအထားဆိုပေမယ့် ရေကန်မှာ အတော်လေးကျယ်သည့်အတွက် အကွာအဝေးမှာ စားပွဲတစ်ဝိုင်းစာလောက် ကွာဝေးလှသည်။

The Loyal Male LoverDonde viven las historias. Descúbrelo ahora