[ Zawgyi ]
နန်းဆောင်တစ်ခုထဲကိုရောက်တော့ ရှဲလီကနေ သူ့ရဲ့လက်ကောက်ဝတ်ကို မလွှတ်တမ်းဆုပ်ကိုင်ထားသည့်ပင်းဝမ်ရဲ့လက်ကို အကြမ်းပတမ်းခါချလိုက်သည်။
"" ကျွန်ုပ်ဘာသာ သွားနိုင်တယ်။ ကျေးဇူးပြုပြီး ကျွန်ုပ်ရဲ့အသားကို ထိချင်တိုင်းမထိပါနဲ့။ ""
ကျဲဟန်နှင့် ရန်ဝမ်တို့ရဲ့ မနှစ်မြို့သည့်အကြည့်တွေကြောင့် ရှဲလီအနေနဲ့ ပင်းဝမ်ကို သူ့နှင့်ခပ်ခွာခွာနေစေချင်တာ အမှန်ပင်။
သို့သော်ငြားလည်း စကားအသွား မတော်သည့်အပြင် ထုံးစံအတိုင်း အေးတိအေးစက်မျက်နှာထားနှင့်ပါ ပြောလိုက်တော့ တစ်ခြားလူရဲ့အမြင်တွင် ဂုဏ်မောက်နေသလိုဖြစ်သွားလေသည်။ ရုတ်တရက် ရှဲလီရဲ့စိမ်းကားလှသည့်စကားလုံးတွေကို ကြားတော့ ပင်းဝမ် မျက်ခုံးပင့်လိုက်သည်။
"" သင့်ရဲ့အသားက ကျောက်စိမ်းနဲ့ထုဆစ်ထားတာလား? အိုး…စိတ်မရှိပါနဲ့။ ကျွန်ုပ် မသိလိုက်လို့ပါ။ ""
လှောင်ရိပ်သန်းနေတဲ့ ပင်းဝမ်ရဲ့မျက်နှာထားကြောင့် ရှဲလီမှ အသာခေါင်းယမ်းလိုက်သည်။ ထိုစဉ် သူ့ရဲ့ခါးကို ဆတ်ခနဲ လှမ်းဖက်လိုက်သည့်ပင်းဝမ်ကြောင့် ထခုန်မတတ်လန့်သွားလေသည်။
""သင်…! သင် ဒါဘာလုပ်တာလဲ?! ""
နီမြန်းသွားသည့်ရှဲလီရဲ့ နားရွက်လေးနှစ်ဖက်ကို ပင်းဝမ်မြင်တော့ တခစ်ခစ်နှင့်ရယ်မောလိုက်သည်။ ရှဲလီရဲ့ဒေါသမျက်စောင်းကို ရီဝေနေသည့်မျက်ဝန်းဖြင့် ပင်းဝမ်ကြည့်ရင်း ခပ်ထေ့ထေ့ပြုံးလိုက်သည်။
ခဏကြာတော့ ပင်းဝမ်ရဲ့လက်ထဲတွင် ဆံထိုးလိုအချွန်လေးတစ်ခုပါလာပြီး ရှဲလီရဲ့ မျက်လုံးအရှေ့တွင် ယမ်းပြလိုက်သည်။
"" ဒါက ဘာလဲ ""
"" သင် ဘယ်လိုလုပ်ပြီး…""
ထိုပစ္စည်းမှာ ရှဲလီရဲ့ခါးစည်းအဝတ်အတွင်း၌ ထည့်ထားသည့် လက်နက်အသေးစားတစ်ခုဖြစ်ပြီး ထိုအချွန်ထဲတွင် အပ်ချောင်းများပါ၏။
အန္တရာယ်နှင့် ကြုံလာသည့်အခါ ကိုယ့်ကိုယ်ကို ကာကွယ်ရန် ဆောင်ထားခြင်းပင်။
YOU ARE READING
The Loyal Male Lover
Historical Fiction#Not Translation Both Zawgyi and Unicode are available!