(Zawgyi Version)
သူ သေဆုံးခဲ့တယ် ။
နောင်တတွေ မယုံကြည်နိုင်မှုတွေ ဒေါသတွေ
အာဃာတတွေကို ပွေ့ပိုက်ရင်း လူယုံသတ်လို့
သူ သေဆုံးခဲ့ရတာဘဲ .. ။အောင်မြင်ကျော်ကြားပြီး သြဇာအာဏာကြီးမားလာခဲ့တဲ့
သူ့ကို အရှင်သခင်ဖြစ်သူကိုယ်တိုင်က သူ့ထီးနန်းပုလ္လင်
အား ပုန်ကန်လုယုမည်ကို သံသယဝင်စိုးရိမ်ပြီး သေသေ
ချာချာအကွက်ချစီစဉ်ပြီး လုပ်ကြံခဲ့သည် ။သူ အယုံကြည်ရဆုံး သူ့လက်ထောက်က သူ့နှလုံးသားကို
ဓားနဲ့ထိုးစိုက်ပြီး သစ္စာဖောက်ခြင်းခံရတော့မှ သူ
ဒီနှစ်တွေထဲ စိတ်အေးလက်အေး သတိလက်လွှတ်
နေခဲ့မှုများကို နောင်တအကြီးအကျယ် ရ၏ ။အသက်နှင့်ခန္ဓာကိုယ်ကို တိုင်းပြည်နှင့်အရှင်သခင်ဖြစ်သူထံ အလုံးစုံမြှုပ်နှံခဲ့တာ အခုလို စစ်မြေပြင်အလယ်
ရန်သူ့ဓားချက်နဲ့မသေဘဲ လူယုံသတ်လို့အသေခံဖို့လား ..။သူ့ နောက်ဆုံးထွက်သက်အထိ တစ်ဖက်က
သစ္စာဖောက်ရက်သည့် အရှင်သခင်ကို နာကျည်းမိသလို
တစ်ဖက်ကလည်း အခုအချိန်အထိ နယ်မြေငြိမ်းချမ်းမှု
မရှိသေးသော တိုင်းပြည်အပေါ် စိုးရိမ်စိတ်ဝင်မိနေတုန်း
ပါဘဲ ။သေအံမူးမူးဖြစ်တော့မှဘဲ လူတိုင်းအပေါ် မယုံကြည်သင့်
အပ်ကြောင်း ကိုယ့်ဒူးကိုယ်တောင်မယုံရသည့်လောက
တွင် သတိရှိရှိနှင့် ကိုယ့်လုပ်နိုင်စွမ်းကို မထုတ်ပြဘဲ
သိုသိပ်စွာနေသင့်ကြောင်း သင်ခန်းစာရခဲ့၏ ။" ဒယ် ဒီ !! ဒယ် ဒီ နိုးလာပါတော့ !!! "
သူ့ ဝမ်းဗိုက်ပေါ် တစ်စုံတစ်ယောက်တက်ပြီးခုန်နေသလို
ခံစားချက်ကြောင့်နှင့် ငယ်ရွယ်ပြီးချစ်စရာကောင်းလွန်း
သောအသံသေးသေးလေးကြောင့် ဝိုးတိုးဝါးတား
အသိစိတ်နှင့်ဘဲ သူ့ မျက်လုံးများကို ဖွင့်လိုက်သည် ။

ESTÁS LEYENDO
I wanna be Die again !!! (သားသားဘဲ လက်ခံမယ် အဖေလက်မခံပါ ) (Z+U)
Romanceသူ သေဆုံးခဲ့တယ် .. ဒါပေမဲ့ မထင်မှတ်ထားဘဲ သူ ဝိဥာဉ်ကူးပြောင်းခြင်းခံရပြီး ပြန်လည်မွေးဖွားခဲ့တယ် အစီအစဉ်မကျတဲ့ သူ့ဘဝကြီးဟာ ဖရိုဖရဲနဲ့ဘဲ ကလေးတစ်ယောက်အဖေ ဂေးတစ်ယောက်အဖြစ် လက်ခံလိုက်ရပါတော့တယ် ။ သူ သေဆုံးခဲ့တယ် .. ဒါပေမဲ့...