5

6.2K 370 9
                                    

Zawgyi
________

LiLi လဲ သူပြောတဲ့ အတိုင်း သွားဝယ်ပေးခဲ့ပေမယ့် အအေးပဲရတယ် သူလိုချင်တဲ့ spring roll က ဆိုင်မှာ မရှိဖူးတဲ့လေ

Lalisa ရဲ့ ဘဝမှာ မဖြစ်နိုင်ဖူးဆိုတာ ဘာမှမရှိစေရဖူး အထူးသဖြင့် သူမလေးနဲ့ ပက်သက်လာရင်....

* မင်းသိထားပါ ကလေးငယ် မင်းနှုတ်က ထွက်သမျှ မင်းအမိန့်သည်သာ ငါ့ရဲ့တခုတည်းသော ဝင်သက်ထွက်သက်လေး ပဲ ဆိုတာကို *

Li - " spring roll က မရနိုင်တော့ဖူးလား
အာဂျီးမား shi"

Owner - " အင်း ကလေး ဒီနေ့ မရှိတာရယ် spring roll က "

Li- " Lisa ဘယ်နားမှာသွားဝယ်လို့ ရနိုင်မလဲ ဟင် တချက်လောက် ညွှန်းပေးပါလား "

Owner - " ကျောင်းအပြင်ဘက်မှာတော့ရမယ်ထင်တယ် ကလေး ကျောင်းဂိတ်ထိသွားလိုက် ဂိတ်ဝ ရောက်ရင် အဲ့က အစောင့်ကို အကူအညီတောင်းလိုက် သူ သွားဝယ်ပေးလိမ့်မယ် ကလေးတို့က ကျောင်းဝန်းအပြင်ထွက်လို့မရဖူးလေ ဒါပေမယ့် ကျောင်းက ခနနေ တက်တော့မှာနော် ဒီကျောင်းက စည်းကမ်းကြီးတယ် မလိုက်နာရင် ဒဏ်ကြေးကလဲကြီးတယ် "

Li - " ရတယ် ရတယ် spring roll ရဖို့ပဲလိုတာ ကျေးဇူးပါ အာဂျီးမား "

ဆိုင်ရှင်အဒေါ်ကြီးကို နှုတ်ဆက်ပြီး သုတ်ခြေတင်ပြီး ပြေးရပါလေရော ကျောင်းဂိတ်နဲ့ Canteen နဲ့ဆို တော်တော်ကြီးကို ဝေးတာ LiLi ချွေးတွေကို နင့်နေတာပဲ
( သြော် ဒုက္ခ ဒုက္ခ အချစ်ဒုက္ခ 🤧 )

^ ဒေါင် ဒေါင် 🔔🔔 ^

" အာ ရောက်တောင်မရောက်သေးဖူး ခေါင်းလောင်းထိုးပြီ နေကွာ ဖြစ်ချင်ရာဖြစ် ကလေး လိုချင်တာ ရဖို့က အရေးကြီးတယ် နောက်ကိစ္စနောက်မှရှင်းမယ် "

Lisa အသေပြေးပြီး ကျောင်းဂိတ်လဲအရောက် တော်တော်ကို မောနေပြီ ဂိတ်စောင့်က

" Hey ကလေး ကျောင်းတက်နေပြီလေ နင်တော့ဒုက္ခများတော့မှာပဲ ဘာလိုချင်လို့လဲ မြန်မြန်ပြော ဦးလေးဝယ်ပေးမယ် ပြီးရင် မြန်မြန်သွားတော့ "

Li- " spring roll.... spring roll ဝယ်ပေးပါ ဦးလေး "

Security - " အေးအေး "

တအောင့်ကြာတော့

" ရော့ ကလေးမ မြန်မြန်ပြေးပေတော့ "

Regret (ZawGyi + Unicode) Where stories live. Discover now