16

7.8K 394 25
                                        

Zawgyi
________

Oppa Kai ဖုန်းဆက်တယ်။ စာမေးပွဲပြီးရင် တွေ့ကြမယ်တဲ့။ သူ့ soulmate ကို ရှာတွေ့ပြီတဲ့။ မိတ်ဆက်ပေးမလို့တဲ့။ သူ့ညီမလေးနဲ့။

နောက်ပြီး Lisa အကြောင်းလဲ စုံစမ်းလို့ရပြီတဲ့။ အဲ့တာကြောင့် စာမေးပွဲ ပြီးပြီးချင်း Jen သုတ်ခြေတင်ပြီး သွားတော့တယ် မိုးကရွာနေတာလဲ ဂရုမစိုက်နိုင်ပါ။

သူ့အကြောင်း သိရမယ်ဆိုရင်ရပါပြီ။
စာမေးပွဲ သူလာဖြေပေမယ့် Jen လုံးဝရှာမတွေ့အောင် အရှောင်ကောင်းခဲ့တယ်လေ။

Jen နောက်က လူတစ်ယောက် လိုက်လာသလို ခံစားနေရတယ်။ ထားပါလေ Li လောက်ဘာမှအရေးမပါပါဖူး။

ကားလမ်းဖြတ်အကူး 🚚

ကားတစ်စီး အရှိန်နဲ့မောင်းလာတာကို လှမ်းမြင်တော့ ကြောင်ပြီး ရပ်နေမိတယ်။

အနောက်က Jen ဆိုတဲ့ အသံနဲ့အတူ ပလက်ဖောင်းပေါ်ပြုတ်ကျသွားတာမို့ လန့်ပြီး ပြန်ငေးလိုက်မိတော့ Lisa....

ကိုယ့်နှလုံးသား တခုလုံး ဆွဲနှုတ်ခံလိုက်ရသလိုပါပဲ......
သွေးအလိမ်းလိမ်းနဲ့ လဲကျနေတဲ့ Lisa....

Flash back end.....

ဆေးရုံကို Lisa အမေ၊အဖေတွေအကုန်ရောက်လာကြတယ်။

Bam - သြော် နင်ကိုး!!! နင် ဘာလာလုပ်နေတာလဲ၊ ဘာလဲ နင်သတ်ထားတဲ့ လူ သေမသေ လာပြန်ကြည့်ပြီး ဟားချင်တာလား ဟမ်

Jen - အာညီးရား ငါ

Bam - အခုချိန် နင့်ကို အခုလို ပြောနေလဲ Lisa ကြိုက်မှာ မဟုတ်ဖူး။ ငါ့သူငယ်ချင်း စိတ်ချမ်းသာဖို့ နင့်ကိုဘာမှမပြောတော့ဖူး။ ဒါပေမယ့်လေ နင်သိလား Lisa က နင့်ကို ခိုင်းသမျှ လုပ်ပေးခဲ့တယ်ဆိုတာ သူ့ကို လှိမ့်သမျှ သူမသိခဲ့လို့မဟုတ်ဖူးဟ။ နင့်အနားနေရမယ်ဆိုတဲ့ မျှော်လင့်ချက်တခုတည်းနဲ့ နင်ပျော်ဖို့အတွက် ကျောက်ဒိုးရိုက်သလို နင့်နှလုံးသားရိုက်ဖို့အတွက် သူ့နှလုံးသားကိုတည်ပြီး ကျွန်အဖြစ်ခံခဲ့တာဟ အဲ့လိုမျိုးချခင်းကစားခဲ့တာ။ ဒါပေမယ့် ငါ့သူငယ်ချင်းကံဆိုးသွားတယ်။ နင့်နှလုံးသားက သံမဏိဖြစ်နေပြီး သူ့နှလုံးသားလေးကတော့ ဖန်သာသာ ဆိုတော့ ဘယ်ခံနိုင်ပါ့မလဲ။ ကျောက်ဒိုးလေး ကွဲသွားခဲ့တာပေါ့ဟာ......

Regret (ZawGyi + Unicode) حيث تعيش القصص. اكتشف الآن