3

7.7K 418 9
                                    

Zawgyi
________

" ဟဲ့ ငမျောက် ကြောင်တိကြောင်တောင်နဲ့ ဘာတွေငေးနေတာလဲ "

အသံနဲ့အတူ ခေါင်းပေါ်ရောက်လာတဲ့ လက်ကြောင့် LiLi တော်တော် အီစိမ့် သွားတယ်။

"Yah Bobby!!!!😠 သေမလို့ နာမည်အစုတ်ပလုတ် ခေါ်တဲ့ အပြင် လက်ပါ ပါနေတာလား မသာကောင်ရဲ့ "

" ဟားဟားဟား နင် ကြောင်နေလို့လေ ငါ ရိုက်ပေးတာ Blh Blh😝😝😝"

LiLi ကိုစပြီး ပတ်ပြေးနေသော Bobby
Bobby ကို လိုက်ဖမ်းနေသော LiLi
LiLi တို့ကို ကြည့်ပြီး ခွက်ထိုးခွက်လန် ရီနေသော Mino Oppa ၊ BI ၊ Bam Bam ၊ Jeongyeon ၊ Seulgi

ထိုအုပ်စုထဲက ပတ်ပြေးနေတဲ့ ကောင်လေးကို လိုက်ဖမ်းနေတဲ့ ချစ်စဖွယ် ထိုကောင်မလေး ကို မှင်သက်စွာ ငေးကြည့်နေတဲ့ လူတစ်ယောက် ရှိနေတာကိုတော့ ဘယ်သူမှ သတိထားမိမယ်မထင်။

Mino - " Yah ဟိုနှစ်ကောင် ကိုက်နေတာတော်တော့ အတန်းထဲမဝင်ခင် ကျောင်းအုပ်ရုံးခန်းသွားရမယ်လေ "

Seulgi - " အမယ် ဟေး ကလေးတွေ နားထောင်လိုက်ကြ Repeater ကြီး မိန့်ခွန်းခြွေနေပြီ  😝 "

Mino - " အေးအေး ငါ့ကိုပြောတယ်ပေါ့ ချစ်လို့ တစ်နှစ်အကျခံပေးပြီး သူတို့နဲ့လာပေါင်းပေးနေတာကိုး စောက်ကလေးတွေ 🙂 "

B.I - " လာလာ သွားကြမယ် ပေါက်ကရ တသိုက်ရေ Bro ကလဲဗျာ စိတ်မကောက်ပါနဲ့ မိန်းမကြီးကျနေတာပဲ ဝိုက် ထည့်လိုက်ရ 🤣 "

ကိုလေထွားတို့ အုပ်စု စကားများရင်း ကျောင်းအုပ်ရုံးခန်းလဲရောက်သွားလေရော ။ LiLi အဖေ ကြောင့် တော်တော်လေး အဆင်ပြေပါတယ် ကျောင်းအုပ်နဲ့အဖေက သူငယ်ချင်းတွေဆိုတော့ ကျောင်းအုပ်မိတ်ဆက်ပေးလို့ အတန်းပိုင် ဆရာမ Dara နဲ့လဲ နဲနဲလေးတော့ ခင်မင်နေပြီ

ကျောင်းတက်ချိန်ရောက်တော့ ဆရာမနဲ့အတူ အတန်းထဲကို လိုက်သွားတယ်။ အသစ်ဆိုတော့ မိတ်ဆက်ရဖို့ထင်တယ် ဆရာမက အခန်းရှေ့မှာစောင့်ခိုင်းတယ် သူဝင်ခိုင်းမှဝင်ဖို့ မှာသွားရင်းနဲ့ အတန်းထဲဝင် ပြောဆိုပြီး LiLiတို့ကို လှမ်းခေါ်လိုက်တယ်လေ။

Dara- " ကလေးတွေ ဒီနေ့ ကျောင်းကို ကျောင်းသားအသစ်တွေပြောင်းလာတယ် အဲ့တာ သူတိုနဲ့မိတ်ဆက်ပေးမယ် ဝင်ခဲ့ပါ "

Regret (ZawGyi + Unicode) Donde viven las historias. Descúbrelo ahora