Zawgyi
_______Bobby နဲ့ စကားပြောပြီး Lisa အတန်းထဲကို ပြန်ရောက်လာတဲ့ အထိ Jen နားမှာ ဟိုကောင်က မခွာစတမ်းရှိနေပါတယ်။
သူပြောတဲ့စကားကြောင့် ရင်ထဲမှာ တော်တော်ကြီးကို နင့်နင့်သီးသီး ခံစားနေရပါပြီ။
Jen - John ကိုပြောရအုံးမယ်။ ဒါက Lisa တဲ့။ Lisa ဒါက ငါ့ရည်းစား John တဲ့။
John- သြော် တွေ့ရတာဝမ်းသာပါတယ်၊ jen ခိုင်းဖက်လေး အဲ့လေ မှားလို့ Lisa shi
ထိကပါးရိကပါး ပြောလာတဲ့ ထိုလူ့စကားကြောင့်
Lisa ဒေါသတွေ ငယ်ထိပ်ထိရောက်လာတာမို့ အဲ့ကောင်ကို ဆောင့်တွန်းပြီး
မျက်နှာကို တယ် တယ် ပြီး ထိုးနေမိတယ်။
ထွက်လာသမျှ ဒေါသတွေကိုရော Jen ကိုဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းမှု့တွေရော အကုန်လုံးကို ဖြေချဖို့ သဲအိတ်တစ်ခုလို သဘောထားပြီး လက်သီးနဲ့သာ မလွတ်စတမ်း ထိုးနေမိတာ။John မထနိုင်အောင် စုတ်ပြတ်သတ်နေပြီ။ ဆက်လုပ်ရင် ဘာတွေဖြစ်တော့မယ်ဆိုတာ သိနေပေမယ့် ကိုယ့်စိတ်တွေဖြေစရာအဖြစ်
ဆက်ထိုးနေအုံးမယ်။ဝုန်းဒိုင်းကြဲ ဖြစ်နေတော့ တခြားအခန်းတွေကပါ ရောက်လာကြတယ်။ Bobby တို့ အုပ်စုရောပေါ့။ မြင်လိုက်ရတာ မြင်ကွင်းကမသာယာဖူးဆိုပေမယ့် ဆက်လွှတ်ထားလိုက်ရင် အောက်ကကောင်က သေတော့မယ် ဆိုတာ သိတာမို့ သွားဝင်ထိန်းရတော့တာပဲ။
Lisa ကို Bam Bam တို့ အကုန် ဝိုင်းချုပ်ထားလိုက်ရတယ်။
All - Lisa yaaa!!! တော်တော့ စိတ်ကိုလျှော့စမ်း
Li - လွှတ်စမ်း လွှတ်ကြစမ်း ငါ့ကိုလွှတ်
အတင်းရုန်းနေရာမှ မျက်နှာပေါ်ရောက်လာတဲ့
မပူမအေး ကော်ဖီတချို့ .......။
အဟက် ...... ရင်နာစရာကောင်းတာက အဲ့ကော်ဖီတွေ ပက်လိုက်တာ ဘယ်သူလို့ထင်သလဲ။ကိုယ် စောက်ရမ်းချစ်လို့ စောက်ရမ်းကိုချစ်ခဲ့လို့
နွားသာသာ ဘဝနဲ့ အနားမှာ ဖက်တွယ်ပြီး နေပေးခဲ့မိတဲ့
အသက်မလောက် ချစ်ရတဲ့ Jennie Kim ဆိုတဲ့ မိန်းကလေးပဲ။မျက်နှာကို ကော်ဖီနဲ့ ပက်လိုက်ရုံနဲ့ သူရပ်သွားမယ်လို့ ခင်ဗျားတို့ထင်လား.....။
အာညီး မထင်လိုက်နဲ့။ ကော်ဖီ ပူပူကြောင့် စပ်နေတဲ့ ကိုယ့်မျက်နှာကို သူ့လက်နဲ့ ရိုက်လိုက်တဲ့အပြင်
နှလုံးသားကိုပါ တစစီဖြစ်အောင် စကားလုံးတွေနဲ့ ရိုက်သွားခဲ့တာ .....။
VOCÊ ESTÁ LENDO
Regret (ZawGyi + Unicode)
Fanficအချစ်ရဲ့ ဒဿ နတွေသာ ဖွင့်ရရင် ပြီးဆုံးနိုင်ပါအုံးမလား ဒီကောင်းကင်နဲ့ ဒီမြေကြီး တစ်သားတည်း ကျနေသ၍ မင်းကို မြတ်နိုးစွာချစ်သွားမယ် ဆူး မှန်း သိနေရဲ့နဲ့တောင်ပေါ့😊 အချစ်ရဲ့ ဒဿ နတွေသာ ဖွင့်ရရင် ပြီးဆုံးနိုင်ပါအုံးမလား ဒီကောင်းကင်နဲ့ ဒီမြေကြီး တစ်သ...