8

6K 393 6
                                    

Zawgyi
________

လူတစ်ယောက်ကို ပုံအောပြီး ချစ်ခဲ့ဖူးလား ....
လူတစ်ယောက်ကို ရင်နဲ့နင့်နေအောင် ပေးဆပ်ခဲ့ဖူးလား ......
လူတစ်ယောက်ကို သူ့ နာမည်လေးကြားလိုက်ရုံနဲ့ ရင်ခုန်သံတွေ ကုလားဘုရားလှည့်သလို ဖြစ်ဖူးလား ......
လူတစ်ယောက်က လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ......
လူတစ်ယောက်က လူတစ်ယောက်ကို မြတ်နိုးတယ်ဆိုတာ ......
လူတစ်ယောက်က လူတစ်ယောက်ကို တန်ဖိုးထားတယ်ဆိုတာ .....
ဘာနဲ့မှ မတိုင်းတာပါဖူး ဘာနဲ့မှ မပိုင်းဖြတ်ပါဖူး လက်တွေ့ဆန်တဲ့ သက်သေပြမှု့တွေဟာ အဖြေပဲ ဖြစ်မှာပါ .....

ညီမငယ်ကို ကျောင်းကြိုဖို့ ကျောင်းရှေ့ကားဆိုက်တုန်းပဲရှိသေးတယ်
ဆေးရုံကားသံတွေနဲ့ ဆူညံနေလေတော့ ဘာတွေဖြစ်နေမှန်း Chae မသိဖူး
ဘေးနားက ချစ်ရသူ Chu ကတော့ သူ့ညီမကို ဖုန်းလှမ်းဆက်နေပေမယ့် မကိုင်ခဲ့ဖူး .....

မထူးတဲ့အဆုံး ကျောင်းဝန်းထဲဝင်လိုက်ဖို့
နှစ်ယောက်သား ဆုံးဖြတ်လိုက်ပြီး
ဝင်လာခဲ့ကြပေမယ့် ဆေးရုံကားပေါ် သယ်ဖို့
လုပ်နေတဲ့ လူနာတင်တဲ့ စင်ကို
မျက်လုံးတချက်ဝေ့အကြည့်မှာပဲ ~
ဆုပ်ကိုင်စရာ ဘာမှမရှိတော့လောက်အောင်
Chae ကမ္ဘာက မှောင်မိုက်သွားခဲ့ရပြီ .....

ကိုယ့်ရဲ့ အသည်းမွှာလေးအဖြစ် ချစ်ရတဲ့ ညီမငယ်လေး သူ့ခန္ဓာကိုယ်မှာလဲ သွေးအလိမ်းလိမ်းနဲ့ ခန္ဓာကိုယ်က ဆန့်တငင်ငင် နဲ့ နာကျင်မှု့ကို အလူးအလဲ ခံစားနေရပုံပေါ်တဲ့ ညီမငယ် Lisa

မူးမေ့လဲမတက်ဖြစ်နေတုန်း ဘေးနားက ဖမ်းဆုပ်ပေးထားတဲ့ Chu ကြောင့် မနည်းအားတင်းပြီး ညီမလေး အနားကို အပြေးလေး သွားရတယ်

Chae - LiLi ဘာဖြစ်တာလဲ LiLi ဘလိုဖြစ်တာ ဖြေပေးကြပါ ကျွန်မကို

Nurse - ကျောင်းခေါင်မိုးထပ်ကနေ ပြုတ်ကျလာတာရှင့် ခြေချော်ကျတာထင်တယ် ဒီကဘာတော်စပ်သလဲမသိဖူး

Chae - သူ့အမပါ ညီမလေးကို ကယ်ပေးပါရှင်

Nurse - ဆေးရုံကို လိုက်ခဲ့ပေးပါ ကျွန်မတို့နဲ့ တခါတည်း

Chu ကို တချက်လှည့်ကြည့်ပြီး မျက်လုံးချင်းစကားပြောလိုက်တယ် Chu ရဲ့ ခေါင်းလေးညိမ့်ပြမှု့ကြောင့် မြန်မြန်ပဲ ဆေးရုံကားပေါ်တက်ပြီး လိုက်သွားတော့တယ်

Regret (ZawGyi + Unicode) Where stories live. Discover now