Zawgyi
________Jen - Jen ဖြစ်ချင်တယ် Oppa
Kai - Bor!!!! ဘာကိုလဲ Jen ....
Jen - Aww soulmate ကိုရှာ တွေ့ချင်တာပါ.....
Kai - သြော် တနေ့တော့တွေ့မှာပေါ့ ညီမလေးရယ် ဒါမှမဟုတ်လဲ ရှိနေချင်လဲ ရှိနေလောက်မှာပါ Jen မမြင်သေးတာဖြစ်မယ် အဓိကကတော့ 528 နဲ့ 1500 ဆိုတာကို ကွဲပြားအောင် လေ့လာလိုက်ရင် အဖြေထွက်လာမှာပါ
စကားပြောရင်း လာလိုက်တာ ဆေးရုံရှေ့ပါ ရောက်လာကြတယ်
Jisoo Unnie ကို ဖုန်းခေါ်လိုက်ပြီး အခန်းကိုမေးပြီး တက်သွားလိုက်ကြတယ်။
အခန်းထဲဝင်ဝင်ခြင်းမှာ Lisa ကို မြင်မြင်ခြင်းပါပဲ Jen လေ လုံးဝမထင်မှတ်ထားတဲ့
ခံစားချက်ကြီး
ရင်ထဲမှာ တစ်ဆို့ကြီးဖြစ်နေပြီး သတိမထားလိုက်မိခင်မှာပဲ မျက်ရည်တွေကျလာခဲ့တယ်။သူဒီလိုဖြစ်အောင် ငါလုပ်ထားတာ ဆိုတဲ့
အတွေးကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်းဖြစ်တာလား ....။
ဒါမှမဟုတ် တခြား တခြားသော အကြောင်းကြောင်းကြောင့်လား ....။
Jen မသိပါဖူး ...။ငါလုပ်ထားလို့ ကိုယ့်ကိုယ်ကို
အပြစ်တင်တာကြောင့်ပဲ နေမှာပါလေ ...။Unnie Chae နဲ့ Lisa အိမ်က လူတွေက Jen ကို Li ချစ်နေတာ သိနေကြတယ်ထင်ပါရဲ့ ။ Jen ရောက်လာတော့ အလိုက်တသိအပြင်ထွက်ပေးကြတယ်။
ကုတင်ပေါ်က Lisa ကတော့ ဆေးရှိန်ကြောင့်
မှေးနေတာမို့ သူ့နားကို ဖြေးဖြေးလေး
လျှောက်သွားလိုက်မိတယ် ။
သူ့လက်လေးကို ကိုင်ထားလိုက်ရင်း
* အရမ်းနာကျင်နေခဲ့မှာပဲနော် ။ တောင်းပန်ပါတယ် ဒီစကားကလွဲရင် Jen မှာ ပြောဖို့စကားမရှိဖူး Li ။ *အတိတ်ကနေ့ရက်တွေဆီ တွေးရင်းနဲ့ပေါ့
အသံတွေနားထဲမှာ ပြန် ကြားနေခဲ့တယ် ...။Flashback
🍒🍒🍒🍒Tao - ဖတ်စာအုပ်ထုတ်ကြ အားလုံး ကျန်ခဲ့တဲ့လူကတော့ သိတယ်မလား အပြစ်ပေးခံရမယ်ဆိုတာကို
Jen ဖတ်စာအုပ်ကို ထုတ်မယ်ပေါ့ လွယ်အိတ်ကို ဖွင့်လိုက်တော့ မရှိဖူး။
မဟုတ်သေးပါဖူး သေချာပေါက် Jen ထည့်လာတာပါ အိတ်ထဲကို ဘာလို့ မရှိရတာလဲ ။
ဟိုလှန်လှော ဒီလှန်လှော နဲ့ ဒါပေမယ့် မတွေ့ခဲ့ဖူး။

VOCÊ ESTÁ LENDO
Regret (ZawGyi + Unicode)
Fanficအချစ်ရဲ့ ဒဿ နတွေသာ ဖွင့်ရရင် ပြီးဆုံးနိုင်ပါအုံးမလား ဒီကောင်းကင်နဲ့ ဒီမြေကြီး တစ်သားတည်း ကျနေသ၍ မင်းကို မြတ်နိုးစွာချစ်သွားမယ် ဆူး မှန်း သိနေရဲ့နဲ့တောင်ပေါ့😊 အချစ်ရဲ့ ဒဿ နတွေသာ ဖွင့်ရရင် ပြီးဆုံးနိုင်ပါအုံးမလား ဒီကောင်းကင်နဲ့ ဒီမြေကြီး တစ်သ...