12

6.2K 384 16
                                        

Zawgyi
________

Time skip တွေ ဖြစ်ခဲ့ပြီ။ အထက်တန်းရဲ့ နောက်ဆုံးသော အတန်းကိုရောက်လာခဲ့ပြီလေ။ အရာရာဟာ အရင်အတိုင်းပါပဲ။

Li ဟာ Jen ကို အရင်ကထက် အလိုလိုက်အကြိုက်ဆောင်ခဲ့တယ်။ ဒါပေမယ့် အမြဲအနိုင်ပေးလို့လားတော့မသိဖူး။ Jen စိတ်တွေ အရောင်ပြောင်းလာခဲ့ပါပြီ။ ကောင်းသောပြောင်းလဲခြင်းတော့မဟုတ်ခဲ့ပါ။  ရနေတဲ့ အနိုင်ကို သူများကို မပေးချင်တော့တဲ့ အတ္တ ၊ အမြဲရနေတော့ တန်ဖိုးမထားချင်တော့တဲ့ သဘော ၊ ချစ်တာလား မချစ်တာလား မသိပါ။ ကစားစရာ တခုလို ကစားချင်လာတာတော့အမှန်ပဲ။ သူဟာကိုယ့်အပိုင်ပဲ။

Jen - Li တို့ဖိနပ် ကြိုးပြယ်နေလို့ ချည်ပေးပါအုံး။

Li - အင်း Jen ခဏနော်။ Jen စားချင်တဲ့ မုန့်တွေကလေ ကန်တင်းမှာမရလို့ ကျောင်းထိပ်ကို သွားဝယ်ခဲ့ရတာ။ အဲ့တာ မောနေလို့ ရေလေးသောက်ချင်......ချင်

Jen - မရဖူး အခုချည်ပေးဆို ချည်ပေး နင်ငါ့ကို အထွန့်မတက်စမ်းနဲ့ Lisa

စကားမဆုံးသေးပါဖူး။ အတန်းထဲက လူတွေရှေ့မှာ အအော်ခံလိုက်ရတာကြောင့် Lisa အတော်ရှက်မိပါသည်။ ဒါပေမယ့်လဲ

Jen - Li ရယ် လုပ်ပါနော် ချည်ပေးပါနော် နော်လို့🙁

ဆိုတဲ့ သနားစရာရုပ်လေးနဲ့ ထပ်ပြီးပြောလာခြင်းကြောင့် Li ချက်ချင်းလိုလို ပျော့ကျသွားပြီး ဖိနပ်ကြိုး ချည်ပေးလိုက်တယ်။

ကျေနပ်သွားတဲ့ရုပ်နဲ့
"Thank You Darling " ဆိုပြီး လာဖက်တဲ့သူမ...။ တတ်လဲတတ်နိုင်ပါတယ်။ အမျိုးမျိုးလဲ ပြုစားနိုင်ပါရဲ့ Jennie kim ဆိုတဲ့ မိန်းကလေးရယ်။

Jen ဒီနှစ်ထဲ အတော်ပြောင်းလဲလာပါတယ်။
ပိုလဲ လှလာသလို ပိုလဲ မာယာကြွယ်လာတယ်ပဲပြောရမလား။ Li ကိုလဲ အရမ်းအနိုင်ယူတတ်လာတယ်။ Li ဘေးက ရှိနေကြ လူတွေလဲမရှိကြတော့ပါ။

Mino Oppa က သူ့ Dad အစီအစဉ်နဲ့
New York ကို ကျောင်းသွားတက်နေရတယ်လေ။ Bam Bam တို့ တခြားသူတွေကတော့ B ခန်းမှာ မို့ ကန်တင်းမှာလောက်ပဲတွေ့ဖြစ်တော့တယ်လေ။ Kai Oppa ကလဲ Uni ရောက်သွားပြီ။

ဒါပေမယ့် Lisa တို့ ကျောင်းကိုလဲ A အဆင့်နဲ့ပြောင်းလာတဲ့ Somi တို့ အုပ်စုတော့ရှိတယ်။ အဲ့အုပ်စုနဲ့ Jen ကအတော်လေးအဖွဲ့ကျနေတာကိုတော့ Li သဘောမကျလှပါ။

Regret (ZawGyi + Unicode) Where stories live. Discover now