Zawgyi
________Lisa လေ သူ့ကို တစ်ကျောင်းလုံး လိုက်ပတ်ရှာနေတာ တော်တော်ကိုနှံ့နေပါပြီ
* ချစ်တယ် ချစ်တယ် ချစ်တယ် အဲ့စကားကို ပြောရဖို့အတွက် အရမ်းကို ခက်ခဲနေခဲ့တာလား ငါနဲ့မင်းရဲ့ ကံတရားက ဘယ်လိုဆက်နွယ်မှု့များလဲ ကလေးလေးရယ် *
Lisa ရှာလို့မရတဲ့အဆုံး ကျောင်းခေါင်မိုးပေါ်တက်လာလိုက်တယ် ခေါင်မိုးစွန်မှာ ကောင်းကင်ကို ငေးကြည့်ရင်း အသက်ပြင်းပြင်းရှုလိုက်မိတယ်
* ငှက်လေးတွေဟာ အိမ်ပြန်ချိန်ရောက်လို့ သူ့အိမ်သူပြန်နေကြပြီ ငယ် မင်းဘယ်မှာလဲ ငါ့ရဲ့အိမ်က မင်း ဆိုတာ သေချာနေပါတယ် ဒါပေမယ့် မင်းရဲ့အိမ်ကရော ဘယ်ဆီမှာလဲ ကိုယ်ဖြစ်ခွင့်ရရင်ဘယ်လောက်ကောင်းမလဲကွာ
ချစ်တယ် Jen အသက်နဲ့ခန္ဓာ မင်းကို ပုံပေးရလောက်တဲ့အထိ ငါမင်းကို ချစ်တယ် မင်းသိရဲ့လား ကြယ်လေးတွေလို မင်းဟာ ငါထိတွေ့ခွင့်မရတဲ့ ကြယ်တစ်လုံး ဖြစ်နေခဲ့တယ်ဆိုရင်တောင် မြေပြင်ကနေ ဖမ်းဆုပ်ခွင့်မရှိမယ့် မင်းကို ငေးကြည့်ရင်းနဲ့ကို ကျေနပ်နေမိမလားမသိဖူး *တီ တီ 📱📱
ဝင်လာတဲ့ ဖုန်းသံကြောင့် Lisa အတွေးတွေ ပျက်သွားခဲ့တယ်
Li - " Hello Oppa Wae!! ဘာလို့လဲ "
Mino - " Yaaa နင်ဘယ်မှာလဲ မြန်မြန်လာ ကျောင်းစုဝေးခန်းထဲမှာ Jennie သီချင်းဆိုမယ့်အလှည့်တဲ့ "
Li- " ဂျင်ဂျား!!!! Okay okay အခုလာပြီ "
Oppa ဖုန်းချလိုက်ပြီးတာနဲ့ အမြန်ပြေးသွားလိုက်တယ်
ဟော.... တွေ့ရပါပြီ ကိုယ့်ရဲ့ကလေးငယ်လေး
Stage ပေါ်မှာ
Piano အဖြူ လေးနဲ့ လှလှပပလေး တီးပြီး ဆိုနေတဲ့ သီချင်းက Someone You Loved တဲ့ဆိုရင်း ဝေ့ဝဲနေတဲ့ မျက်ရည်လေးတွေ ဘာဖြစ်ထားတာလဲ ကလေးငယ် ဒါမင်းပုံစံမဟုတ်ဖူးလေ မင်းကို နာကျင်စေခဲ့တဲ့သူကရော ဘယ်သူလဲ ငါတောင်မထိရက်တဲ့ မင်းကိုလေ.....
သီချင်းဆုံးတာနဲ့ မျက်ရည်တစက် ကျနေတဲ့ ကလေးကြောင့် အမြန်ပြေးသွားပြီးလက်နဲ့ဖမ်းယူလိုက်တယ် သူမ မျက်ရည်တွေကို နောက်မျက်ရည် တစက်တောင် ထပ်မကျပါစေနဲ့ ကလေးငယ်
VOCÊ ESTÁ LENDO
Regret (ZawGyi + Unicode)
Fanficအချစ်ရဲ့ ဒဿ နတွေသာ ဖွင့်ရရင် ပြီးဆုံးနိုင်ပါအုံးမလား ဒီကောင်းကင်နဲ့ ဒီမြေကြီး တစ်သားတည်း ကျနေသ၍ မင်းကို မြတ်နိုးစွာချစ်သွားမယ် ဆူး မှန်း သိနေရဲ့နဲ့တောင်ပေါ့😊 အချစ်ရဲ့ ဒဿ နတွေသာ ဖွင့်ရရင် ပြီးဆုံးနိုင်ပါအုံးမလား ဒီကောင်းကင်နဲ့ ဒီမြေကြီး တစ်သ...