17

13.5K 527 68
                                        

Zawgyi
________

15 Years Later

အတိတ်ကိုတွေးတိုင်း မျက်ရည်ကျရတုန်း.....
မိုးတွေရွာတိုင်း အတိတ်နေ့တွေဟာ ပုံဆောင်ဆဲ.....
Jen အသက်ဟာ 33 ထဲ မှာ။ အိမ်ရှင်မအဖြစ် တာဝန်ထမ်းနေဆဲဆိုပါတော့......။
လွမ်းတယ်......။

" မိန်းမ ကိုယ်က သမီးကို သွားကြိုနေတာ နာရီဝက်ပဲရှိသေးတာလေ လွမ်းနေပြီလား"

အတွေးထဲ မျှောနေတုန်း အိမ်ထဲ သမီးကိုပိုက်ပြီး ဝင်လာတာ ဘယ်သူလို့ထင်လဲ.....။
ကိုယ့်ရဲ့ အသက်နဲ့ ထပ်တူရှိနေတဲ့ လူတစ်ယောက်။
အခက်အခဲတွေ အများကြီးနဲ့ ချစ်မိခဲ့တဲ့ လူတစ်ယောက်။
ဆုံးရှုံးလိုက်ရပြီ ထင်ပေမယ့် ပိုင်ဆိုင်ခဲ့ရတဲ့လူတစ်ယောက်။

Lalisa Manoban ဆိုတဲ့ မိန်းကလေး။
အခုတော့ ကိုယ့်ရဲ့အိမ်ထောင်ဦးစီးကြီးဆိုပါတော့။

Li - သမီး ရေချိုးတော့နော် ပါးပါးတို့ ဒီနေ့ ခရီးသွားကြမှာလေ။ မားမားကို ကူလိုက်အုံးမယ်။ သမီးက လိမ်မာတယ်နော်

Ella - ဟွန့် ပါးပါးတို့များနော် မားမားနားကပ်ချင်တာနဲ့ သမီးကို ပ,ထုတ်တော့တာပဲ။ ပြောကို မပြောချင်ဖူး။

8 နှစ်ပဲရှိသေးတဲ့ သမီးလေးက ဘယ်သူနဲ့တူလို့ စကားတတ်နေမှန်းမသိ။ Li ရော Jen ပါ သမီးလေး စကားကြောင့် ဟက်ဟက်ပက်ပက် ရီမိပါလေရော။

သမီးလေး အပေါ်တက်သွားတော့မှ Jen နားကို Li လျှောက်လာကာ

Li - တွေးနေပြန်ပြီလား မိန်းမိန်း။ ပြီးခဲ့တာတွေအတွက် ကိုယ့်စိတ်ထဲမှာ ဘာမှ မရှိတော့တာမို့ Jen လဲ ခေါင်းထဲက ထုတ်လိုက်ပါတော့နော်။

Jen အသာလေး ခေါင်းခါပြကာ

Jen - မဟုတ်ဖူး ကျားကျား ရဲ့။ Jen တွေးနေတာက အဲ့နေ့ကသာ အလှူရှင် ပေါ်မလာခဲ့ရင် ဆိုတဲ့ အတွေးနဲ့ ခုထိ ဖြေမဆည်နိုင်သေးဖူး။

Li သူမကို ရင်ခွင်ထဲ ထည့်ကာ ဖက်ထားလိုက်ပြီး နဖူးလေးကို အသာအယာလေး နမ်းလိုက်တယ်။

ဟုတ်ပါတယ်။
အဲ့နေ့က MinHo နဲ့ အလှူရှင်ကြောင့်သာ အသက်ဆက်ခွင့်ရခဲ့သည် မဟုတ်ပါလား။

Flashback 😇

Jen နဲ့ Chae Unnie စကားအချေအတင်ဖြစ်နေတုန်း MinHo Oppa ထွက်လာကာ အခန်းတခန်းထဲ အမြန်ဝင်သွားတယ်။

Regret (ZawGyi + Unicode) Where stories live. Discover now